BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၄ခုနှစ်။
 
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် Southern YSO PDF ကို ကိုရီးယားအခြေစိုက် SYSO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
 
Southern YSO PDF အနေဖြင့် အဓိက ကူညီပံ့ပိုးသည့်အဖွဲ့က ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထာသည့် ရုပ်သံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြဿနာဖန်တီးနေသာ လူတစုရှိနေသည့်အတွက် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။
[embedyt] https://www.youtube.com/watch?v=Jg0ad85LRKA[/embedyt]
 
မြေပြင်လိုအပ်ချက်အရ မဟာမိတ်ပူးပေါင်းတိုက်ခိုက်ရသည်ကို ရှင်းပြသော်လည်း မြေပြင်လိုအပ်ချက်ကို လျစ်လျူရှုငြင်းပယ်ခံခဲ့ရပြီး၊ မြို့နယ် ပကဖ နှင့် စကားချေတင် ပြောဆိုခဲ့ရပါသေးကြောင်း၊ Southern YSO အဖွဲ့သည် BNRA လက်အောက်ခံမဟုတ်မဟုတ်ကြောင်းနှင့် တော်လှန်ရေး လုပ်ငန်းစဉ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့သည်သာဖြစ်သည်ဟု ပြောကြားထားသည်။
 
#RedNewsAgency

By Editor