BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၄ခုနှစ်။
 
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် Southern YSO PDF ကို ကိုရီးယားအခြေစိုက် SYSO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
 
Southern YSO PDF အနေဖြင့် အဓိက ကူညီပံ့ပိုးသည့်အဖွဲ့က ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထာသည့် ရုပ်သံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြဿနာဖန်တီးနေသာ လူတစုရှိနေသည့်အတွက် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။
 
မြေပြင်လိုအပ်ချက်အရ မဟာမိတ်ပူးပေါင်းတိုက်ခိုက်ရသည်ကို ရှင်းပြသော်လည်း မြေပြင်လိုအပ်ချက်ကို လျစ်လျူရှုငြင်းပယ်ခံခဲ့ရပြီး၊ မြို့နယ် ပကဖ နှင့် စကားချေတင် ပြောဆိုခဲ့ရပါသေးကြောင်း၊ Southern YSO အဖွဲ့သည် BNRA လက်အောက်ခံမဟုတ်မဟုတ်ကြောင်းနှင့် တော်လှန်ရေး လုပ်ငန်းစဉ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့သည်သာဖြစ်သည်ဟု ပြောကြားထားသည်။
 
#RedNewsAgency
By Editor