Burma National Revolutionary Army – BNRA

ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

RNA_စက်တင်ဘာ(၁၂)၊ ၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ပြီးခဲ့သည့်ညက နွယ်ရှောက်ကျေးရွာတွင်် ညအိပ်ပြီးနောက် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ကျောင်းသားတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်မာပင်ခရိုင် တပ်ရင်းများ ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ABSDF Column - 3 က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောင်းသားတပ်မတော်(ချင်းတွင်းဒေသတပ်ရင်း)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၁)၊တပ်ရင်း (၁၂)၊ တပ်ရင်း (၁၉)၊…
Read More
စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူကို ကာကွယ်နိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးကာလမှာ ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကိုင်များ၏ စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူများအတွက် ရဲရဲဝံ့ဝဲ့ မားမားမတ်မတ်ရပ်တည်နိုင်ရေးအတွက် ပြည်သူ့တပ်မတော်ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ ယနေ့ ပြုလုပ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- Burma National Revolutionaty Army ( BNRA) ဖွဲ့စည်းခြင်းအခမ်းအနားတွင် ဗိုလ်နဂါးက ပြောကြားထားခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့အစည်းတည်ထောင်ခြင်းနှင့်ပတ်သက်ပြီး NUG-MOD တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့ဖူးကြောင်း၊ တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။ Red News Agency
Read More
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။   ဗိုလ်နဂါးတို့အဖွဲ့နှင့်အခြားသော အင်အားစုများပါဝင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့စည်းကြောင်း ယနေ့ တရားဝင်ထုန်ပြန်ထားသည်။   #RedNewsAgency https://youtu.be/XC935iun-7I
Read More