မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

RNA_ဇွန်(၂)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသရှိ​ ကျေးရွာများကို ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်သားများ အပါအဝင် စစ်ကောင်စီလက်အောက်ခံများက ပြီးခဲ့သည့် တစ်ပတ်အတွင်း မီးပတ်ရှို့ခဲ့သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကူညီပေးနေကြရကြောင်း၊ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။
Photo : MBT
 
ရေလယ်ကျွန်းဒေသတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ မေလ ၂၉ ရ ရက်နေ့အထိ ကျေးရွာ (၂၆) ရွာမီးရှို့ခံခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ချီပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

Myingyan Black Tige -MBT ရဲဘော်များသည် ယနေ့ မီးဘေးသင့် လှေခုတ်ရွာမှ ပြည်သူများအတွက် ရိက္ခာများ ခွဲဝေလှူဒါန်းခဲ့ပြီး တက်နိုင်သည့်နေရာမှနေ၍ အခြားလုပ်အားဒါနများလည်း ကူညီပေးခဲ့ကြောင်း၊ လက်နက်အင်အားမမျှသည့်အတွက် Myingyan Black Tige တပ်ဖွဲ့အခြေစိုက်သည့် ရေလယ်ကျွန်းဒေသကို အပြည့်အဝ ကာကွယ်မှုမပေးနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း Myingyan Black Tige တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲ ကပြောကြားထားသည်။
ရေလည်ကျွန်းဒေသ စစ်ဘေးရှောင်ရွာများကို ဒေသချင်းနီးစပ်နေသည်အတွက် စစ်ဘေးရှောင် ၁၇၀၀ ဝန်းကျင်ကို မြောင်အခြေစိုက် CDSOM မှ အစားအသောက်များ လှူဒါန်းခဲ့ကြောင်း၊ မီးဘေးသင့် စစ်ဘေးရှောင်များ လိုအပ်ချက်များစွာရှိနေသည့်အတွက် ကူညီပေးကြရန် CDSOM မှ ကိုနွေဦး (မြောင်) မှလည်း တိုက်တွန်းထားသည်။
#RedNewsAgency
By Editor