ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၆)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင် ညှင်းပမ်းနှိပ်စပ်မှုများခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

Myingyan BLack Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်သည် မေလ ၂၄ ရက်နေ့က ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မေလ ၂၅ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများသည် ရဲဘော်တိုးနိုင်ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း မျောခဲ့သည့် အတွက် MBT ရဲဘော်များက ပြန်ဆယ်ကာ ယနေ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor