မြို့ပြစစ်ဆင်ရေး နှစ်ထောင်ကျော်တွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံး

RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။

ရန်ကုန်တိုင်းအတွင်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာကာလအတွင်း စစ်ဆင်ရေး နှစ်ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေး အင်အားစုများမှ မြို့ပြစစ်ဆင်ရေးများဆင်နွှဲခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော်လှန်ရေးရဲဘော် (၈၀) ကျော်ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (၁,၀၀၀) ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေး ရဲဘော်များမှ ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးများတွင် စစ်ရေးပစ်မှတ် (၁၀၀၀)ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် (၈၀၀) ကျော်နှင့် စီးပွားရေးပစ်မှတ် (၂၀၀) ကျော်ပါဝင်ပြီး၊ ပစ်မှတ်များကို အထူးစစ်ဆင်ရေးလှုပ်ရှားမှု အကြိမ်ရေ (၅၀) ခန့်၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ (၅၀၀) ကျော်နှင့် ဖောက်ခွဲတိုက်ခိုက်မှုပေါင်း (၁,၅၀၀) ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

#RedNewsAgency

By Editor