
Tag: သာယာဝတီ
-

သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ
RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် သာယာဝတီထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ မဲကြီး(ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးကောင်းမွန်နေသည့်ကြားမှ ယခုလိုသေဆုံးခဲ့ခြင်းကို သာယာဝတီထောင်အဏာပိုင်များက အဆုတ်ပိုးဝင်ပြီး သေဆုံးသည်ဟု မိသားစုကို ပြောကြားထားကြောင်း၊ မိသားစုသည် သာယာဝတီထောင်သို့ မေလ ၂၂ ရက်နေ့က လိုက်သွားခဲ့ရာ ကိုပြည့်ဖြိုးဝင်း၏ ရုပ်အလောင်း မျက်နှာအား မြင်တွေ့ခွင့်ရခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက ဆေးရုံတင်ပြီး ၄ ရက်မြောက်မှ သေဆုံးခဲ့သည်ဟု မိသားစုကို အသိပေးခဲ့ကြောင်း ထောင်အာဏာပိုင်နှင့်နီးစပ်သော အသိုင်းအဝန်းမှ သိရသည်။
“ဒီညီလေးက ကျန်းမာရေးအရမ်းကောင်းတာဗျ ထောင်ထဲမှာ အားကစားလည်း လိုက်စားတယ်၊ ရောဂါကြောင့်သေတာမဟုတ်တာ သေချာတယ်၊ နောက်ပြီး ထောင်ဝန်ထမ်းအသိုင်းအဝန်းက ကြားရတာတော့ ဒဏ်ရာတွေနဲ့သေသွားတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ထောင်ဝန်ထမ်းမိသားစုတွေနဲ့ ရင်းနှီးနေလို့ ပြန်ကြားရတာပါ၊ မဲကြီးနဲ့က အင်းစိန်မှာလည်း တစ်ခန်းတည်းနေခဲ့တာ သာယာဝတီပြောင်းတော့လည်း အတူတူဆိုတော့ကြားကြားချင်း အရုပ်ကြိုးပြတ်ပါပဲ” ဟု သာယာဝတီထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။ -

ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ
RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။
ပဲခူးတိုင်း၊ ပြည်- သာယာဝတီ သာသနယ်က အရှိုချင်းအမျိုးသား ဓမ္မဆရာ ဆလိုင်းဧလလုံးဝေ အဖမ်းခံရပြီး ပြည် စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားဖြစ်နေကြောင်း သိရသည်။
” အခုပြည်စစ်ကြောရေးမှာ ဖမ်းခံထားရတာ တပတ်ကျော်ပြီ၊ မိသားစုလိုက်ပေမဲ့ အဆက်အသွယ်လုံးဝ ပြတ်သွားတယ်၊ မိသားစုတွေကိုပါ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရောက်နေတယ်၊ ဓမ္မဆရာ ဆလိုင်းဧလလုံးဝေက သူ့ဘာသာ သာသနာပဲ ပြုနေတာ၊ ဒါကို PDF လို့စွပ်စွဲဖမ်းခံရတာလို့ ကြားထားရတယ်၊ ပြည်စစ်ကြောရေးမှာ ဖြစ်ဖို့များတယ်” ဟု ဓမ္မဆရာ ဆလိုင်းဧလလုံးဝ၏ မိတ်ဆွေ တဦးက ပြောသည်။
ဓမ္မဆရာ ဆလိုင်းဧလလုံးဝေသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပေါက်ခေါင်းမြို့ ထုံးတောင်အသင်းတော် ခရစ္စမတ်ပွဲမှ မင်းလှမြို့ဘက်သို့ အပြန် ပြည်မြို့အဝင်ဂိတ်မှာ စစ်ဆေးခံရစဉ် ဖုန်းထဲမှ ဓာတ်ပုံ၊ ဗွီဒီယို၊ သီချင်း တခုခုကို တွေ့ပြီး PDF ဟု စွပ်စွဲပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
” အခုကဗျာ ဖုန်းထဲမှာ ကိုယ်ကြိုက်ရင် ပုံဆေ့ထားတာတွေတော့ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ သူက PDF မဟုတ်တာ သေချာပါတယ်၊ ပြီးတော့ ရန်ကုန်က အလုံပိုးကရင်ကျောင်းမှာ ကျမ်းစာတက်နေတဲ့ ကျောင်းသားပါ” ဟု ဓမ္မဆရာ၏ မိတ်ဆွေက ထပ်မံပြောပြသည်။
Red News Agency