ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ မင်းတုန်းမြို့ မြောက်ဘက် (၁၀) မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ ကျောက်တိုင်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်သည့်အတွက် ရဲတပ်သား (၃) ဦးသေဆုံးကာ (၃) ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
 
ကျောက်တိုင်ကျေးရွာ ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် မဟာမိတ်ပူးပေါင်းပြီး ဧပြီလ (၁၀) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ဒေသခံများ၏ ပြောပြချက်အရ ကျောက်တိုင်ရဲစခန်း တိုက်ခိုက်မှုအတွင်း ဧပြီလ ၁၀ ရက်နေ့မှာ ရဲတပ်သား ဇင်ဘိုဘို အသက် (၃၀) နှစ်၊ အမည်မသိရဲ (၁) ဦးသေဆုံးခဲ့ပြီး၊ ဧပြီလ ၁၁ ရက်နေ့မှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်နေရသည့် ရဲတပ်ဖွဲ့ဝင် (၁) ဦးထပ်မံသေဆုံးကြောင်း သိရသည်။
 
#RedNewsAgency
By Editor