တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်မှုဖြစ်ကြရာ စစ်ကောင်စီတပ်က (၁၅) ဦးဝန်းကျင်သေဆုံးသည့်အတွက် လေယာဉ်ပစ်ကူယူကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို မီးရှို့အပြီး ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာဘက် အသွား စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ - SPGF၊ PDF Pauk တပ်ရင်း- ၄၊ PDF Pauk တပ်ရင်း - ၆၊ Pauk Revolution Front - PRF၊ Knight Commander PDF၊ King Fighter - SGF၊Young…
Read More
ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။ KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် - ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင်…
Read More
“အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

“အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။ KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် "အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် "ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။ အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။ " စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်" ဟု PDF ရဲဘော်တဦးက ပြောသည်။…
Read More
ကရင်ပြည်နယ် ဥကရစ်ထ စခန်းအနီးတိုက်ပွဲတွင် CDM တပ်ကြပ်ဝေလင်းအောင် ကျဆုံး

ကရင်ပြည်နယ် ဥကရစ်ထ စခန်းအနီးတိုက်ပွဲတွင် CDM တပ်ကြပ်ဝေလင်းအောင် ကျဆုံး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ စစ်ကောင်စီစစ်ဆင်ရေးခြေကုတ်စခန်းတစ်ခုဖြစ်သည့် ဥကရစ်ထစခန်းအနီးတွင် ယနေ့ ညနေ(၅)နာရီအထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာ BGFမှ CDM ပြုလုပ်လာပြီး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် တပ်ကြပ် ဝေလင်းအောင် ကျဆုံးသွားကြောင်း သိရသည်။ "CDM စစ်သားဖြစ်သူ တပ်ကြပ် ဝေလင်းအောင်ဥကရစ်ထမှာ ကျဆုံး အလေးပြုပါတယ်။ ပေးဆပ်မှုက CDM ဝင်တဲ့အချိန်မှာတောင် တာဝန်ကျေနေပြီမို့ တိုင်းပြည်အတွက်ပါ အသက်ပေးသွားတဲ့အတွက်ပြောစရာ စကားတောင်မရှိပါဘူး " ဟု စသည်ဖြင့် CDM ရေတပ်သားတဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။ ယနေ့ နှင့် ပြီးခဲ့သည့် ညပိုင်းကတည်းက KNLA ၊ KNDO စသည့် ပူးပေါင်းတပ်များက ဥကရစ်ထစခန်းအနီးတွင် စစ်ကောင်စီတပ်ကို…
Read More
မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

RNA_ဖေဖော်ဝါရီ ၂၀၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ယနေ့အထိတိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒဏ်ရာရရှိသည့် ရဲဘော်များကို Moebye Rescue Team အဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ Photo: Roselin Ei Red News Agency
Read More
ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

RNA- နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကလေးမြို့ တောင်ဘတ် မိုင် ၂၀ ဝန်းကျင်အကွာက နတ်ချောင်း နတ်မြောင်း၊ သာစည်၊ချောင်းခွ စသည့်ရွာအနီးတဝိုက်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်သွားရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးတပ်ရင်း(၇)၊ တပ်ခွဲ ( ၁ ) က ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် (အသက်၂၇နှစ်) ကျဆုံးသွားခဲ့သည်။ ပြည်သူ‌တွေအတွက် တိုက်ပွဲမှာ အသက်ပေးခဲ့သည့် သူရဲကောင်း ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပနကို ရဲဘော်ရဲဘက်များ၊ ပြည်သူများက ယနေ့မှာ ပြုလုပ်ခဲ့သည်။Red News Agency
Read More