ကလေး PDF က အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် လက်နက်ကြီးထိမှန်ကျဆုံး

RNA_ဩဂုတ်၄၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း သာယာကုန်းကျေးရွာတိုက်ပွဲမှာ ကလေး PDF အမှတ် (၆) တပ်ရင်းမှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် ယမန်နေ့ ( ဩဂုတ်လ ၃ ရက်) ညနေပိုင်းက လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟု သိရသည်။

ယနေ့အထိ ကလေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးများနေကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆမတန်အသုံးပြုနေကြောင်း၊ တိုက်ပွဲပြင်းထန်နေသည့်အတွက် ပြည်သူများ သွားလာမှု ဂရုစိုက်ကြရန် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

Red News Agency

By Editor