Tag: စစ်ကိုင်းတိုင်း

  • စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

    စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန်သည်မိခင်နှင့်ရင်သွေးအပြင် သားယောက်ျားလေးတစ်ဦး၊ သမီးနှစ်ဦး စုစုပေါင်း မိသားစုဝင် (၅) ဦးသေဆုံးခဲ့ရသည်ဟု ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက/ဌာနမှူး CDM ဆရာမ ဒေါ်ရတီအုန်းက ဖြစ်စဉ်ကို ပြောပြထားသည်။

    (more…)

  • စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

    စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တနေရာတွင်၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများ၊ PDF ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဒေသခံပြည်သူများပါဝင်သော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေး (၄) နှစ်ပြည် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

    (more…)

  • ဖောင်းပြင်မြို့နယ်မှာ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာများတွင် တာဝန်ခံ ရွေးချယ်မှုများ ဆက်တိုက်ပြုလုပ်

    ဖောင်းပြင်မြို့နယ်မှာ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာများတွင် တာဝန်ခံ ရွေးချယ်မှုများ ဆက်တိုက်ပြုလုပ်

    RNA_ဇန်နဝါရီ(၂၅)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေးလစ်ဟာနေသော တိုက်နယ်များကို ချိတ်ဆက်ပြီး ရပ်ကျေးတာဝန်ခံများကို ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့မှ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။


    တာဝန်ခံရွေးချယ်မှုကို ဖောင်းပြန်မြို့နယ်တွင်းရှိ အမှတ်( ၃) တိုက်နယ်၊ အမှတ် (၄) တိုက်နယ်တို့တွင် ကျေးရွာ ၄ရွာဖြစ်ပြီး အုပ်စု တာဝန်ခံ ၁ အုပ်စုတို့ကို ဇန်နဝါရီ ၂၀ မှ ၂၂ ရက်နေ့အတွင်း ရွေးချယ်ပေးခဲ့ကြောင်း၊ ပထမကြိမ်မှာ တိုက်နယ် ၂ ကို စတင်ရွေးချယ်ခဲ့ကြောင်း၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ရွေးချယ်မှုများတွင်လည်း မှုခင်းအသိပညာပေးများ ဟောပြောမှုများပြုလုပ်ပေးခဲ့ကြောင်း နွေဦး – ဖောင်းပြင်ထံမှ သိရသည်။

    (more…)

  • ခမ်းပါတ်မြို့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

    ခမ်းပါတ်မြို့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

    RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ (၁၆) ရက်နေ့ညပိုင်းက လေကြောင်းဗုံးကြဲခဲ့ပြီးနောက် ကနန်ကျေးရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားမှုနှင့် လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်း (ပုန်းခိုကျင်း)ကြောင့် အသက်ဘေးမှ လွတ်မြောက်သွားသူများရှိကြောင်း ကလေးနည်းပညာတက္ကသိုလ်မှ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက ပြောပြထားသည်။

    (more…)

  • NUG စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေး လစ်ဟာနေသော ရပ်ကျေး/ အုပ်စု တာဝန်ခံများ ပြန်လည်ရွေးချယ်

    NUG စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေး လစ်ဟာနေသော ရပ်ကျေး/ အုပ်စု တာဝန်ခံများ ပြန်လည်ရွေးချယ်

    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ NUG စိုးမိုးနယ်မြေအတွင်းရှိ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေး/အုပ်စု တာဝန်ခံများ ဇန်နဝါရီလ (၁၇) ရက်နေ့က ပြန်လည်ရွေးချယ်ပေးခဲ့ကြောင်း နွေဦး-ဖောင်းပြင် ထံမှ သိရသည်။


    ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်အရ ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့ နှင့်ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး နာယက၊ သက်ဆိုင်ရာတိုက်နယ်အဖွဲ့အစည်းတာဝန်ရှိသူများက ပြည်သူလူထုများနှင့် တွေ့ဆုံပြီး လစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေးတာဝန်ခံ (၅) ဦးနှင့် အုပ်စုတာဝန်ခံ (၃) ဦးတို့ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

    (more…)

  • ဖောင်းပြင်မြို့နယ် NUG စိုးမိုးနယ်မြေများတွင် လစ်ဟာနေသော ရပ်ကျေး/ အုပ်စုများ ပြန်လည်ဖွဲ့စည်းမည်

    ဖောင်းပြင်မြို့နယ် NUG စိုးမိုးနယ်မြေများတွင် လစ်ဟာနေသော ရပ်ကျေး/ အုပ်စုများ ပြန်လည်ဖွဲ့စည်းမည်

    RNA_ဇန်နဝါရီလ(၁၆)၊၂၀၂၅ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တောင်ပိုင်းရှိ အုပ်ချုပ်ရေး လစ်ဟာနေသော NUG စိုးမိုးနယ်​မြေ ​​ကျေးရွာ အုပ်စုများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ပေးချက်အရ ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံအုပ်ချုပ်ရေးမှ မကြာမီ ပြည်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နွေဦး-(ဖောင်းပြင်) ထံမှ သိရသည်။
     
    NUG စိုးမိုးနယ်မြေအတွင်းမှ လစ်ဟာနေသော ကျေးရွာအုပ်စုများကို လွန်ခဲ့သောလပတ် အစည်းအဝေးများတွင် သက်ဆိုင်ရာတိုက်နယ် တာဝန်ခံများက တင်ပြခဲ့သော်လည်း အချိန်မှီ ဖွဲ့စည်းပေးနိုင်ခြင်းမရှိသေးကြောင်း၊ ယခုလပတ် အလွှာစုံအစည်းအဝေး
    ထိရောက်ရှိခဲ့ပြီပြီး မကြာမီ ဖွဲ့စည်းရန် သဘောတူမှု ရရှိထားပြီဟု ၎င်းထံမှ သိရသည်။
     
    ရပ်ကျေးနှင့်အုပ်စုများ လိုအပ်နေသော အုပ်ချုပ်ရေးကို ပြီးခဲ့သည့်လများမှာ မဖွဲ့အစည်းနိုင်သောကြောင့် စစ်ရေးဆိုင်ရာ ထောက်ပို့ကိစ္စများတွင် များစွာလစ်ဟာခဲ့ကြောင်း၊ တပ်ရင်း ထောက်ပို့စီစဥ်ရေး အဖွဲ့က မှတ်ချက်ပြုခဲ့သည့်အတွက် တော်လှန်ရေးကာလ ဖြစ်သောကြောင့် နောက်နောင်ယခုကဲ့သို့ အလားတူ ကိစ္စများမပေါ်လာစေရန်အတွက် အမြန်ဖွဲ့စည်းစေလိုကြောင်း ဖောင်းပြင်မြို့နယ် တောင်ပိုင်းပေါင်းစပ်ညှိ နှိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အား PDF ရဲဘော်များက ထောက်ပြခဲ့သည့်အတွက် မကြာမီ ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သိရသည်။
     
    #RedNewsAgency #RNA #REDNEWS
  • စစ်ကိုင်းတိုင်းအတွက် တပ်မဟာ အသစ်ဖွဲ့စည်းမည့် မန္တလေး PDF အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

    စစ်ကိုင်းတိုင်းအတွက် တပ်မဟာ အသစ်ဖွဲ့စည်းမည့် မန္တလေး PDF အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

    RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ခုနှစ်။
    ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွက် တပ်မဟာသစ်တစ်ခုဖွဲ့စည်းမည်ဟု ပြောကြားပြီးနောက် ယနေ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ မှတ်တမ်းကို ယနေ့ အသိပေးထားသည်။
    [embedyt] https://www.youtube.com/watch?v=GOLAWpRdRBY[/embedyt]
    #RedNewsAgency
  • ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄၇) ဦးသေဆုံး၊ (၆) ဖမ်းဆီးရမိ၊ (၁၇) ဦးပျောက်ဆုံးနေ

    ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄၇) ဦးသေဆုံး၊ (၆) ဖမ်းဆီးရမိ၊ (၁၇) ဦးပျောက်ဆုံးနေ

    RNA_ဇန်နဝါရီ(၈)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရသော အင်အား (၇၀) ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ (၄၇) ဦးသေဆုံးပြီး (၆) ဦးဖမ်းဆီးရမိကာ (၁၇) ဦးပျောက်ဆုံးနေသေးသည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

    လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ မျိုးမင်းသူ (စစ်ကြောင်းမှူး)၊ ဗက နေမျိုးဦး (တပ်ခွဲမှူး) နှင့် ဒု-ရဲမှူး ဇင်ကိုကိုထုတ်နုတ်တပ်ဖွဲ့ {စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲ (၃/၁၀)} ပူးပေါင်းထားသော စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်နေ့တွင် ဒေသတွင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လက်နက် (၄၆) လက်နှင့်အတူ ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။

    (more…)

  • တော်လှန်ရေး အင်အားစုများက အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချေမှုန်းပြီး လက်နက် (၄၄) လက်သိမ်းဆည်းရမိ

    တော်လှန်ရေး အင်အားစုများက အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချေမှုန်းပြီး လက်နက် (၄၄) လက်သိမ်းဆည်းရမိ

    RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးမျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ (၅) ရက်နေ့က တိုက်ခိုက်ချေမှုန်းရာ လက်နက် (၄၄) လက်သိမ်းဆည်းရမိကြောင်း သိရသည်။

    အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃)၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပြီး၊ စစ်ကောင်စီတပ် စစ်ကြောင်း တခုလုံးအား ရှင်းလင်းနိုင်ခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားထားသည်။

    (more…)

  • ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံးကာ (၃) ဦးအရှင်ဖမ်းခံရ

    ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံးကာ (၃) ဦးအရှင်ဖမ်းခံရ

    RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာကို စီးနင်းဝင်ရောက်ပြီး တပ်စွဲထားသော အင်အား (၇၀) ခန့်ရှိစစ်ကောင်စီတပ် ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) နေ့က တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံးကာ ၃ ဦးအရှင်ဖမ်းခံရသည်ဟု ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက ယနေ့ ထုတ်ပြန်ထားသည်။


    တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ သေဆုံးအရှင်ဖမ်းမိခဲ့ပြီးနောက် MA 1 (၅)လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု၊ ၆၀ မမ ဗုံးသီး ၃ လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားချိန် (၅) နာရီခန့်အတွင်း စစ်ကောင်စီဘက်မှ ဂျက်ဖိုင်တာလေးစင်းဖြင့် အကြိမ် ၂၀ ကျော် လေကြောင်းပစ်ကူယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)