နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ အထိုင်စခန်း တိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံးပြီး (၁) ဦးဖမ်းဆီးခံရ

RNA_ဇူလိုင်(၈)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ပျူရွာ (ကံပုလဲအရှေ့ရွာ)ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို ဒေသတွင်းတော်လှန်ရေး အင်အားစုများက ဇူလိုင် (၅) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး (၁) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဦးဆောင်မှုဖြင့် ဒေသခံကျေးရွာပကဖအဖွဲ့များ၊ RAW (Kalay) ဆေးအဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကာဘိုင်(၄)လက်၊ BA-100(၆၀မမ)-(၁)ပြောင်း၊ G-3-(၂)လက်၊ ၆၀ဖူး( ၁၂ )ဖူး၊ MG-1 ပလတ်စတစ်လက်ပစ်ဗုံး(၂)လုံး၊ i-con(၂)လုံးစသည့် လက်နက်ခဲယမ်းနှင့် စက်ဆက်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

 

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီ၏ ကလေးမြို့ ဒကစမှ စစ်ကူရောက်ရှိလာခြင်းအပြင် အထိုင်စခန်းတစ်ခုမှလည်း လက်နက်ကြီးပစ်ကူပေးနေသည့်အတွက် တော်လှန်ရေးအင်အားစုများ ဆွက်ခွါခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor