RNA_ဇူလိုင်(၁၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာစခန်းကုန်းနှင့် ဘိုးနတ်တော် ဗျူဟာစခန်းကုန်းတို့ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်အား အရှင်းဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။
ရွှေဘိုမြို့နယ်၊ ကျောင်းမြောင်းမြို့၊ ဟင်္သာကြီးပျူရွာစခန်းကုန်း၊ ဘိုးနတ်တောင်ဗျူဟာစခန်းတို့ကို တော်လှန်ရေးအင်အားစုများက ဇူလိုင်လ ၅ ရက်နေ့မှစတင်ကာ (၇) ရက်နေ့အထိ ပျူရွာ (၁)၊ ဗျူဟာစခန်းကုန်း (၃) ခုတို့ကို သိမ်းဆည်းရမိသည်ဟု အမှတ် – ၉၇၀၆ တပ်ရင်း (Doung Ni People Defence Force) ကထုတ်ပြန်ထားသည်။
ပျူရွာနှင့်စခန်းကုန်းသိမ်းတိုက်ပွဲများကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆ (DOUNG Ni PDF ) များနှင့် Brave Brothers (Local PDF)၊ တိုက်နယ်(၄) ရွှေဘိုကျားကြီး (ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို အရှင်ဖမ်းဆီးရရှိမှုနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA