Tag: ကရင်နီပြည်
-

စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်
RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ကရင်နီပြည်တခုလုံးတွင် စစ်ကောင်စီယန္တရား အဓိကလည်ပတ်နိုင်သည့် တခုတည်းသော လွိုင်ကော်မြို့ဝန်းကျင်ကို ယနေ့ KNDF၊ KA နှင့် ပူးပေါင်းမဟာမိတ်များ စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=teSfYrLq7-Y[/embedyt]ကရင်နီပြည်ရှိ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တခုတည်းသာရှိပြီး ပြည်နယ်အတွင်းအခြားသော အထိုင်တပ်စခန်းအနည်းငယ်သာရှိတော့ကြောင်း၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟို သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ပြီးခဲ့သည့်အပတ်ထဲက ပြောကြားထားသည်။#RedNewsAgency -

၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်
RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်၊ တော်လှန်ရေးအင်အားစု ကရင်နီပူးပေါင်းတပ်ဖွဲ့က ၁၁၀၇ စစ်ဆင်ရေးကို ယမန်နေ့က စတင်ခဲ့ပြီး ပထမနေ့အတွင်း မယ်စဲ့မြို့နယ်၊ ပန်တိန်းကျးရွာအနီးက တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်မှလည်း သေဆုံးမှုရှိကြောင်း၊ အဆိုပါ တိုက်ပွဲကို ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစု နှင့် KNPLF (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီသတင်းအချက်အလက်စင်တာက ယမန်နေ့က ထုတ်ပြန်ထားသည်။
-

စက်တင်ဘာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်သား ၇၈ ဦးသေဆုံး
RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်အတွင်း စက်တင်ဘာလအတွင်း မယ်စဲ့မြို့နယ် စသည်တို့တွင် စစ်ကောင်စီတပ်နှင့် KNDF နှင့်မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇၈ ဦးသေဆုံးပြီး လက်နက်ခဲအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်နီပြည်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ KNDF ရဲဘော် ၈ ဦးကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံ့ပန်း ၅ ဦးဖမ်းဆီးခံရပြီး လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။
-

ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်နယ်အတိုင်ပင်ကောင်စီနှင့် ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ကရင်နီပြည်ရဲဌာန ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖြင့် ယနေ့တွင် အကျဉ်းသား (၃၈) ဦးကို ပြစ်ဒဏ်လျော့ပေ့ါကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

ကရင်နီပြည်ရဲဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ၂ နှစ်ပြည့်ချိန်တွင် ခိုးမှု၊ မူးယစ်ဆေးမှုအပါအဝင် အမှု (၃၆၂) မှုကိုအရေးယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် နမ်းနိမ်းကျေးရွာဘုန်းကြီးကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ ချပြခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း (၂) နှစ်ပြည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။
-

ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား
RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=FhrTh-XYylQ[/embedyt]#RedNewsAgency -

ကရင်နီကိုမထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ
“တပ်မ ၅၅ လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတို့အတွင်း အမျှဝေသံတွေဆူညံကြတော့မယ်”
နောင်ရိုး
ကရင်နီ ပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အစောဆုံး ပုန်ကန်ထကြွခဲ့တဲ့ ပြည်နယ်ဖြစ်သလို အခုချိန်မှာ တော်လှန်ရေးအင်အားစုများဘက်ကလည်း၊ လူသူလက်နက်အင်အား တောင့်တင်းတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ စိုးမိုးနယ်မြေများရရှိထားပြီး အောင်ပွဲအလီလီရရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ကရင်နီပြည်နယ် တခုလုံးအပြင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအထိပါ ပျံ့နှံ့ခဲ့ပြီး နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာ ကရင်နီပြည်နယ်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော မြို့နယ်တွေအပြင် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်၊ ပင်လောင်းမြို့နယ်များတို့ပါ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့တယ်။
လက်ရှိစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားဟာ လွိုင်ကော်မြို့ပေါ်မှာပဲရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့တွေဆိုရင် လူသူကင်းမဲ့နေပါတယ်။ ဒီမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့ မိသားစုများသာ ကျန်နေတဲ့ အခြေအနေပဲဖြစ်တယ်။ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြို့ပေါ်ရပ်ကွက်တွေမှအပ ကျန်မြို့နယ် အစိတ်အပိုင်းများက ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ မြို့တချို့ကတော့ ကြားခံနယ်မြေအဖြစ်မျိုး ရှိနေတာပါ။ စစ်ကောင်စီကလည်း အထိန်းချုပ်နိုင်သလို တော်လှန်ရေးအင်အားစုတွေကလည်း ထိန်းချုပ်ထားတာမျိုး မလုပ်ထားတဲ့ တောအုပ်ကြီးဖုံးလွှမ်းနေတဲ့ မြို့တချို့တော့ ရှိပါတယ်။
-

စစ်ကောင်စီကို ပြန်တိုက်ပြီဟု ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး တရားဝင်ကြေညာ
RNA_ဇူလိုင်(၁)၊၂၀၂၃ခုနှစ်။
စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် အာဏာသိမ်း စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဟု ယနေ့ တရားဝင် ထုတ်ပြန်ကြေညာထားသည်။
“ကျနော်တို့အခြေပြုလှုပ်ရှားကရင်နီပြည် (ကယားပြည်နယ်) ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ်လိုက်တဲ့ သေနတ်သံများ တိုက်ပွဲများနဲ့ ကျနော်တို့ အဖွဲ့အစည်း (ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ် လိုက်ပါပြီ” ဟု ယနေ့ ထုတ်ပြန်ကြေညာထားသည်။

၁၉၇၈ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ၁၉၇၈ ခုနှစ်မှာ ခွဲထွက်ပြီး ဇွန်လ (၂၆) ရက်နေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) အဖြစ် သီးခြားဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်၊ မေလ (၉) ရက်နေ့မှာ (နအဖ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ရပြီး နှစ်ပေါင်း ၃၀ နီးပါး အပစ်ရပ်ကာလအတွင်း နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဆင့်ထိ လျော့ချခံခဲ့ရကြောင်း သိရသည်။
-

ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ
RNA_ဇွန်(၃၀)၊၂၀၂၃ခုနှစ်။
ကယားပြည်(ကရင်နီပြည်) နယ်အတွင်း လွိုင်ကော်မြို့ပါအဝင် ကျန်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ပြောင်ရွေ့နေကြောင်း သိရသည်။
ကရင်နီပြည်အတွင်း စစ်ကောင်စီသည် နယ်မြေများစွာကို စွန့်လွှတ်နေ့ရပြီး လွိုင်ကော်မြို့ပေါ်တချို့သာ နယ်မြေစိုးမိုးမှုရှိတော့ကြောင်း၊ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှုရှိတော့သည့်အပြင် တိုက်ပွဲပြင်းထန်မှုများတွင်လည်း အသေအဆုံးများနေကြောင်း၊ KNDF နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးရေးကို လုပ်ဆောင်နေကြကြောင်း သိရသည်။
“အခုက ကယားက ဝန်ထမ်းတွေရွေ့နေပြီပြောတယ်၊ အားလုံးကို လက်လွှတ်မဲ့သဘောလို့လည်း ပြောလို့ရသလို သူတို့ဝန်ထမ်းတွေမရှိတဲ့အခါ လေကြောင်းကနေ အကုန်တိုက်နိုင်တယ် အဲဒါတော့သတိထားရမယ်။ ဝန်ထမ်းတွေကို ရွေ့နေတာကတော့ သေချာနေပြီ” ဟု စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦး၏ မိသာစုဝင်တဦးကပြောသည်။
-

ကရင်နီအိပ်မက်နှင့် အာဏာရှင်တို့၏ လားရာ
“ကရင်နီ အိပ်မက် အကောက်အထည်ပေါ်လာခြင်းသည် မင်းအောင်လှိုင်သာမက စစ်အာဏာရှင်အဆက်ဆက်နှင့် လူမျိုးကြီးဝါဒ၊ တစ်ပါတီအာဏာရှင်စနစ်တို့ကို ရင်ဝ ဓါးသွားစိုက်သလို အထိနာခံစားကြရ”
မေဇော်
ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံး မြန်မာနိုင်ငံ၏ အရေးများကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်အခြေအနေဟုသာ မှားယွင်းရှုမြင်တက်ကြသည်။ စစ်ပွဲဟူသည် သွေးချောင်းစီးစေသော၊ နှစ်ဖက်အပြန်အလှန် လက်စားချေကြသော ကိစ္စရပ်များဟု ပညာရှင်များ၊ ညှိနှိုင်းရေးသမားများက သုံးသပ်ကြသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း သိသိသာသာ တဖုံ၊ မသိမသာတမျိုး တိုက်တွန်းကြမည် တိုက်တွန်းနေမှုများလည်းရှိသည်။
သို့သော် ဒီမြေ၊ ဒီရေတွင် ရှင်သန်ခဲ့သူများအနေဖြင့် ယခုပြည်တွင်းစစ်သည် လွတ်မြောက်မှုနှင့် အနီးကပ်ဆုံးဖြစ်ကြောင်း ကောင်းမွန်စွာ သိနားလည်ကြသည်။ စစ်မီးများ တောက်လောင်နေခြင်းကို မည်သူမှ မနှစ်သက်ကြ။ လက်နက်ကြီးသံများဖြင့် နေ့စဉ်ဘဝကိုလည်း မည်သူမှ မဖြတ်သန်းလို။ ဆိုးရွားလှသော စနစ်ယန္တရားတခုလုံးကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက်သာ မိမိ အသက်ကို ရင်းနှီးကြခြင်းဖြစ်သည်။ တော်လှန်ရေးတခုဖြစ်ဖို့အတွက် အချက်အလက်များစွာလိုအပ်သလို လူထုတိုက်ပွဲဆိုတာ စိတ်ကူးဖြင့်ဖော်ဆောင်လို့ရသည့်အလုပ်မဟုတ်။ လူထုထူတန်းစားအားလုံး အဖိနှိပ်ခံဘဝရောက်မှသာ ရုန်းထွက်ကြခြင်းဖြစ်သည်။

ယခုနှစ်တွင်မူ တော်လှန်ရေးကို ရွေးချယ်ခဲ့ခြင်း၏ အဖူးအပွင့်များ စတင်မြင်တွေ့ကြရသည်။ ကရင်နီပြည်သည် တော်လှန်ရေးအတွင်း ပထမဆုံး ပြည်နယ်တခုအနေဖြင့် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ကြားကာလ အစိုးရပေါ်ပေါက်လာခြင်းသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးအစရှိ ယန္တရားများကို ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်တိုင်လည်ပတ်နိုင်ခြင်းဖြစ်သည်။ ကရင်နီပြည်ကိုအတုယူပြီး အခြားသော ပြည်နယ်များတွင်လည်း အကောင်အထည်ဖော်လာကြတော့မည်ဖြစ်သည်ဟု ကြားသိရသည့်အတွက် အိမ်မက်များကို အကောင်အထည်ဖော်နေကြပြီဖြစ်သည်။
-

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော
RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှုကို ဂုဏ်ယူဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။
[embedyt] https://www.youtube.com/watch?v=PEF998Y7XA8[/embedyt]
“ကရင်နီပြည်နယ်မှာ အခုလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ဖို့ဆိုတာက တောင်ယုံတန်ယုံနဲ့ဖြစ်လာတာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ယူဆပါတယ်။ ကရင်နီပြည်နယ်မှာ အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးမှ ဒီလိုအခြေ အနေမျိုးဖြစ်လာတာလို့ ကျနော်အနေနဲ့သိရပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဂုဏ်ယူဦးညွှတ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်” ဟု နံနက်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။


