ကချင်ပြည်နယ်

တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်ပြည်နယ်၊ မိုးညှင်းမှ မိုးကောင်းဘက် တက်လာသည့် တင့်ကားပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Kachin Region People Defense Force- KPDF_Hopin) က ငါးမိုင်နှင့် ကြာကြီးကွင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ ဟိုပင် တိုးဂိတ်အနီးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်က (၁၀) ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း KPDF - Hopin ကထုတ်ပြန်ထားသည်။ Red News Agency
Read More
ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) မြေစာပုံပြိုကျမှု ပျောက်ဆုံးနေသူ များသော်လည်း ယနေ့ နံနက်အထိ အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ " ပျောက်ဆုံးတာကတော့ များတယ် (၅၀) ကျော်ရှိတယ်လို့ ခန့်မှန်းပေါ့၊ အလောင်းက မနေ့က တလောင်း အခုမနက်တလောင်း ဒါပဲရှာတွေ့သေးတယ်၊ မနေ့ကတွေ့တဲ့အလောင်းက ကိုမျိုး ခွန်ဆာကုန်းကပေါ့" ဟု RNA သတင်းရင်းမြစ်က ပြောသည်။ စိန်စိန်လုပ်ကွက်အနီးက မြေစာပုံသည့် ရေကန်သည် အမြင့် ပေ…
Read More
ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) တွင် ယနေ့ နံနက် ၃ နာရီ မိနစ် ၃၀ ဝန်းကျင်းက ရေကန်အတွင်း မြေစာပုံပြိုကျကာ ရေမဆေးကျော်ရှာဖွေသူ (၅၀) ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။ " အခု ၉ နာရီ မထိုးခင်လေးမှ ရှာဖွေမှုလုပ်ကြမှာ ‌အစောပိုင်းက လှေလေးနဲ့ ရှာနေရတာ တလောင်းမှမတွေ့သေးဘူး အခုတော့ ရေငုပ်ရှာကျမှာ ရေကန်ကကျယ်တယ်၊ ‌ပျောက်နေတဲ့သူတွေ သေဖို့များတယ်၊ ဈေးဆိုင် ၂ ဆိုင်က အမျိုးသမီး ၂…
Read More
ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

ရိုက်ကူး၊ တာလင်းမောင် (ဖားကန့်) ဘဝမျှော်လင့်ချက်တွေနဲ့ ဖားကန့်ကို ကျောက်တူး တက်ကြပေမဲ့ မြေစာပုံပေါ်က ရေမဆေးကျောက် ရှာဖွေသူတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားက ဖြစ်ပါတယ်။ ဒီအထဲမှာ ယောက်ျားတွေနဲ့ တန်းတူ စီးပွားရှာနေကြတဲ့ ဈေးသည်တွေ ရှိနေပါတယ်။ မြေစာပုံက ဈေးသည်တွေဟာ သူတို့ဘဝနဲ့ သူတို့တော့ သူရဲကောင်းများဖြစ်ပါတယ်။Red News Agency
Read More