ကချင်ပြည်နယ်

ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။ "လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ်…
Read More
မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

RNA_ဖားကန့်၊ အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအပိုင်း ဖားကန့်-လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို KIA/KPDF ရဲဘော်များက ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြန်မာသူရကျောက်မျက်ကုမ္ပဏီ CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများအား ချိပ်ပိတ်သိမ်းဆည်းခဲ့ချိန်မှစပြီး ဖားကန့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်အတွင်း စစ်ကောင်စီ လက်အောက်ခံရဲနှင့်စစ်သားများ နေရာယူတပ်စွဲထားခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ည KIA/KPDF များ ကုမ္ပဏီဝန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သား ၂၀ ဝန်းကျင်ခန့် ရှိနေနိုင်ကြောင်း ဒေသခံများထံမှ သိရပြီး၊ တိုက်ခိုက်မှုအတွင်း လုံးခင်းရဲစခန်းမှ…
Read More
KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

"ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်" မောင်ဝိ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCAရဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်တပ်က ကျင်းပရန်ပြင်ဆင်နေပြီး၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေသာမက၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ကိုပါ တက်ရောက်ဖို့ စစ်တပ်က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားမှု မတိုင်ခင် စစ်တပ်ရဲ့ လုပ်ရပ်အချို့နဲ့ NCA ဆိုတာကရော တိုင်းရင်းသားတွေအပေါ် တန်းတူအခွင့်အရေး ပေးနိုင်ပါ့မလားဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။ စစ်တပ်က ကျင်းပမယ့် NCA ငြိမ်းချမ်းရေးဆွေးနွေးပွဲ…
Read More
လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာ ရွှေဆိုင် ဓါးပြတိုက်ခံရမှု ယနေ့နေ့ခင်း ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးခန့် ပါသွားကြောင်း သိရသည်။ "လူလေးယောက်လာတယ်၊ အသက်က (၂၇)၊ (၂၈) အရွယ်တွေ၊ Mask တပ်ထားတယ် ဦးထုပ်ဆောင်းထားတယ် သေနတ်ပါတယ်ဗျ။ ဆိုင်ထဲတန်းဝင်လာပြီး အကုန် ကလစ်ကြိုးနဲ့လက်ပြန်ကြိုးချည်ပြီး ထိုင်ခိုင်းထားတယ်၊ မှန်ကိုရိုက်ခွဲပြီး ယူသွားတာပါ"ဟု ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။ "ရွှေသားက တစ်ပိဿာလောက်ရှိတယ်၊ ကျောက်လက်ဝတ်ရတနာ အချောထည်ကလည်း သိန်းသုံးထောင်ဖိုးလောက်ရှိတယ်၊ ရွှေနဲ့ကျောက်ပေါင်းရင် ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးလောက်ပါသွားတာ"ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။ (more…)
Read More
ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ "မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက"ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့်…
Read More
ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

RNA_ဖားကန့်၊ စက်တင်ဘာ (၁၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ "ဧရာမြင်းမိုရ်" အပေါင်ဆိုင်နှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးညီသည် ယနေ့နံနက် (၁၀)နာရီ (၃၀) မိနစ်ဝန်းကျင်က အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ "ပစ်ခံရတာက မော်ဝမ်း ဇောတိကကုန်း လမ်းဆုံနားမှာပါ၊ ကိုညီက ကားမှန်ချပြီးမောင်းလာတာ၊ ဆိုင်ကယ်နဲ့လူနှစ်ယောက်က ကားထဲကိုလှမ်းပစ်ပြီး ပြေးတာ" ဟု မျက်မြင်တွေ့သူတဦးက ပြောသည်။ မိသားစုနှင့် နီးစပ်သူ တဦးကလည်း "သေနတ်ဒဏ်ရာနဲ့ ကားဆက်မောင်းလာပြီး စာတိုက်ရှေ့ သူ့ဆိုင်နားမှာ ကား‌ပြန်ကွေ့တဲ့အချိန် နောက်က ကားနဲ့ပွတ်မိတယ်၊ အဲ့အနားကလူတွေက ကိုညီဘာဖြစ်သွားသေးလဲ သွားကြည့်မှ သွေးတွေအိုင်နေတာ၊ လက်မောင်းထိသွားတယ်ပြောတယ်၊ ဆေးရုံပို့ထားတယ်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူး၊ သတိရပြီလို့ပြောတယ်"…
Read More
ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ "မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး"ဟု PDF သတင်းရင်းမြစ်က ပြောသည်။ ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။…
Read More
ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

RNA_ဖားကန့်၊ ဇူလိုင်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာနှင့်ဆွတ်အောင်ကျေးရွာကြား မြန်မာစည်သူ ကုမ္ပဏီဝန်းဟောင်းနေရာ၌ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် ခြောက်ဦးက သေနတ်အတိုနှစ်လက်ဖြင့် လမ်းသွားလမ်းလာများအား မြေပြင်တွင်ဝပ်ခိုင်းကာ ပစ္စည်းလုယူ ဓါးပြတိုက်မှု ယမန်နေ့ မနက် (၉)နာရီက ဖြစ်ပွားခဲ့သည်။ ကနဦးတွင် လူငယ် (၆) ဦးက အဆိုပါနေရာအနီးရှိ မူးယစ်ဆေးဝါးသုံးစွဲကြရာတဲများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မူးယစ်ဆေးသမားများကို ရိုက်နှက်ပြီးမှ လမ်းသွားလမ်းလာများကို ဓါးပြတိုက်ခြင်းဖြစ်ကြောင်း အခြေအနေအသေးစိတ်ကို သွားရောက်စစ်ဆေးခဲ့သည့် မမုံကျေးရွာမှ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောသည်။ ဖြစ်စဉ်အနီးနားရှိ အိမ်ပေါ်မှ ဒေါ်ကုလားမအား လမ်းပေါ်ဆွဲချကာ နားကပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်နှင့် ဖြတ်သွားဖြတ်လာ ရေမဆေးသမား…
Read More
အွန်လိုင်းပေါ်မှ ခြိမ်းခြောက်ငွေတောင်းမှုများကို ဖားကန့် PDF ဖော်ထုတ် အရေးယူမည်

အွန်လိုင်းပေါ်မှ ခြိမ်းခြောက်ငွေတောင်းမှုများကို ဖားကန့် PDF ဖော်ထုတ် အရေးယူမည်

RNA_ဖားကန့်၊ဇူလိုင်၂၆ ရက်၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ကဟုဆိုကာ စားသောက်ဆိုင်များ၊ လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်များပါမကျန် ခြိမ်းခြောက်ငွေညစ်မှုများ ဇူလိုင်လအတွင်း ထပ်မံဖြစ်ပေါ်နေသည့်အတွက် ဖားကန့် PDF က ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။ ယခင်က ပျူစောထီးအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူ ဇွန်လအတွင်း စတင်ပေါ်ပေါက်လာပြီး ခြိမ်း‌ခြောက်ငွေညစ်တောင်းသော်လည်း ယခုအခါ ပစ်ခတ်ရေးအဖွဲ့ကဟုဆိုကာ ထပ်မံ ခြိမ်းခြောက် တောင်းဆိုမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပြည်သူများအပေါ် တောင်းတဲ့ငွေပေးရင်ပေး ‌မပေးပါက တစ်မိသားစုလုံးသတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေညစ်နေသည့် ပျူစောထီးနာမည်ခံထားသည့် အဖွဲ့နှင့် ပစ်ခတ်ရေးနာမည်ခံထားသည့်အဖွဲ့တို့အား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။ (more…)
Read More
ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIAနှင့် PDF များက ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ ပန်းတင်တံတားထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်ရှိကြောင်း တိုက်ပွဲဝင် သတင်းရစ်မြစ်ထံမှ သိရသည်။ ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် ရှေ့တန်းတပ်မ…
Read More