ရေစကြိုမြို့နယ်

ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းတနေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့၌ အင်အား (၁၄)ဦးပါ ကား (၂) စီးနှင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေစကြို PDF တပ်ဖွဲ့ကာ တိုက်ခိုက်ရာ (၁၀) ဦးသေဆုံးခဲ့သည်။ သေဆုံး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံမှ Carbine ၆ လက်၊ Carbine ကျည်ဘောက် ၆ ဘောက်၊ ကာဘိုင်ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ MA4 ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ဗုံးသီး ၄…
Read More
ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။ အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း "တသံတည်းညီ တချီတည်းရုန်း" ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike)…
Read More
ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက် ပွဲကို လက်မခံကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွင်း လှည့်လည်ကာ  ဆန္ဒပြခဲ့ကြသည်။ မြို့ပြနေပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြနိုင်ငံရေးအရှိန်မြှင့်ဖို့ လိုအပ်နေကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူတဦးက ပြောသည်။ (more…)
Read More
“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

ထောင်ချီသည့်လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများနှင့်အတူဆန္ဒပြ   RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ထောင်ချီသည့် လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာတန်းများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့် ယနေ့ ရေစကြိုမြို့နယ် ကျေးရွာများတွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။   #RedNewsAgency  
Read More
ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာသည့် စစ်ကြောင်းကို Southern YSO PDF အပါအဝင် ရေစကြိုမြို့နယ်တွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြိုင်မြို့နယ်မှ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ #RedNewsAgency
Read More
ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ

ကျေးလက်တွေကို PDF တွေ ပိုင်ပြီလား၊ မြေပြင်အနေအထားမှာ ဒလန်တွေကို ဘာလုပ်သင့်လဲ   RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မြေပြင်အနေအထားနှင့် ဒလန်နဲ့ပျူစောထီးတွေကို ဘယ်လိုလုပ်သင်လဲ ဆိုသည့်အကြောင်းအရာတွေကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို Red News Agency က မေးမြန်းထားခြင်း ဖြစ်သည်။   #RedNewsAgency
Read More
ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံခဲ့ရသည့် ရဲဘော်၏ ရဲဘော်ဝလုံး ဈာပန

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံခဲ့ရသည့် ရဲဘော်၏ ရဲဘော်ဝလုံး ဈာပန

RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံစခန်းသိမ်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)မှ ရဲဘော်ဝလုံးနှင့် ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)မှ ရဲဘော်ပိန္နဲစေ့တို့ ကျဆုံးခဲ့ရသည်။ "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ရဲဘော်ဝလုံးသည် အောက်တိုဘာ ( ၂ )ရက် ကျားတက်ရွာစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာတိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)သည် ရဲဘော်ဝလုံးအား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်" ဟု ယနေ့ ရေစကြိုမြို့နယ် (ပ.က.ဖ)က ဈာပနအခမ်းအနား ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ (more…)
Read More
ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

RNA_ဩဂုတ်၂၉ရက်၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပြင်ရှိ၊ ဘောလုံးကွင်းအနီးနံနက်ခင်းပျံကျစျေးကို ဆက်ကြေးလာကောက်သည့် ပျူစောထီးအဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက ပစ်ခတ်ခံရသည့် ဈေးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် (၈) နာရီဝန်းကျင်က ပျူစောထီးအဖွဲ့များ ဈေးကို ဆက်ကြေးလာကောက်ချိန် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Red News Agency အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ ပျူစောထီးများ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ နံနက်ခင်းပျံကျဈေးကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။ Red News Agency
Read More
စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

RNA_မတ် ၂၊၂၀၂၂ခုနှစ်။ မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်မီးရှို့သွားသည့်အတွက် ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးရဲဘော်များမှ သန့်ရှင်းရေးအပါအဝင် အိမ်ဆောက်မည့်ကိစ္စများအတွက် လုပ်အား ပါဝင်ကူညီပေးခဲ့ကြောင်း ယနေ့ အသိပေးထားသည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊မြိုင်မြို့နယ်၊ ဆိပ်ဖြူမြို့နယ် စသည့် နယ်တကျောတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ RedNewsAgency
Read More