ရန်ကုန်တိုင်း

ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။   ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတဦးကို ခေါ်ယူဆုံးမသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ရသည့်ကိစ္စအတွက် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ လက်တုန့်ပြန်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။   မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်အတွင်းနေထိုင်သည့် ကိုဖိုးအောင် (ခ) ကိုအောင်ဖြိုးဝေအား ဧပြီလ (၇) ရက်နေ့ နေ့လည်က ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဇနီးဖြစ်သူက တိုင်ထားသည့်အတွက်ဟုဆိုကာ လာခေါ်ပြီး ရိုက်နှက်ကြကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၏ ရိုက်နှက်မှုကြောင့် ကိုဖိုးအောင်သည် ဧပြီလ ၁၃ ရက်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်ခန့်က ကွယ်လွန်ခဲ့ရသည့်အတွက် ယနေ့ (ဧပြီ ၁၄ ရက်)…
Read More
အင်းစိန်စျေးရှေ့အထိ တန်းစီနေရသည့် ထောင်ဝင်စာတွေ့ ပြည်သူများ

အင်းစိန်စျေးရှေ့အထိ တန်းစီနေရသည့် ထောင်ဝင်စာတွေ့ ပြည်သူများ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် ယနေ့ အကျထောင်ဝင်စာရှိသည့်အတွက် ထောင်ဝင်စာလာတွေ့သည့် ပြည်သူများမှာ နံနက် (၆) နာရီကတည်းက စောင့်ဆိုင်းနေကြသော်လည်း အင်းစိန်စျေးရှေ့ထိ လူတန်းရှည်ကြီးဖြစ်ကာ နေပူထဲတွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။ #RedNewsAgency
Read More
ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပျက်နေသည့်အတွက် ပြည်သူများ အခက်တွေ့နေ

ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပျက်နေသည့်အတွက် ပြည်သူများ အခက်တွေ့နေ

RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် မတ်လအကုန်နှင့် ဧပြီအစမှာပင် ရန်ကုန်မြို့၌ လျှပ်စစ် ဓာတ်အား ဆိုးဆိုးရွားရွားပျက်တောက်နေသည့်အတွက် ရေရှားပါးမှုများပါ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနမှ ရန်ကုန်မြို့အတွင်းတွင် လျှပ်စစ်မီးလာချိန် မမှန်သည့်အပြင် ပေးချင်သလိုပေး ဖြတ်ချင်သလို ဖြတ်နေကြောင်း၊ နေ့တစ်ဝက်ခန့် မီးပျက်ခြင်း၊ နာရီပိုင်းနှင့် မိနစ်ခန့်ပိုင်းသာ လာပြီး မီးပြန်ပျက်သွားခြင်းများ ကြုံတွေ့နေကြရသည်။ "နေ့ပျက် ညပျက် သန်ခေါင်းကျော်ပျက် အလုပ်ချိန်ပျက် အလုပ်ပြန်ချိန်လည်းပျက် မင်းအောင်လှိုင် နောက်လိုက် အီးပီစီကသူတွေ ပြည်သူကို စေတနာမရှိတာ ပေါ်လွင်နေတယ်။ တမင်လုပ်နေတာ ပျက်လိုက်လာလိုက်နဲ့‌လေ အခြေအနေမကောင်းရင်  မီးပါလောင်တတ်တယ်။ ဒါပြည်သူကို ဒုက္ခ ရောက်အောင် သောက်ကျင့်ယုတ်နေတာလို့ပဲ ထင်တယ်” ဟု…
Read More
အင်းစိန်ထောင် အမျိုးသမီးအချုပ် ရုံးထုတ်ပြန်လာသူထံမှ မူးယစ်ဆေးဝါးဖမ်းမိ

အင်းစိန်ထောင် အမျိုးသမီးအချုပ် ရုံးထုတ်ပြန်လာသူထံမှ မူးယစ်ဆေးဝါးဖမ်းမိ

RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ အမျိုးသမီးအချုပ်ဆောင်မှ အမှုရင်ဆိုင်ရန် မတ်လ ၂၁ ရက်နေ့က တရားရုံးသွားသည့်အကျဉ်းသူ တဦးထံမှ မူးယစ်ဆေး WY- အပြား ၃၀ ကျော်ကို ရုံးထုတ်အပြန် စစ်ဆေးရေးလုပ်စဉ် ဖမ်းမိသွားကြောင်း အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ တဦးထံမှ သိရသည်။   “အခု အမျိုးသမီးဆောင် ကြပ်မှာပေါ့၊ ရုံးထုတ်ပြန်လာသူဆီက ဆေးမိထားတော့လေ၊ အလိုလိုနေရင်း နေကပူ နေရတာ ကြပ်ကြပ်တည်းတည်း အခုတော့ လွတ်လပ်ခွင့်ရတာလေးတွေပါ ပိတ်ပစ်မယ်ထင်၊ နောက်ပြီး စစ်ဆေးရေးမကြာခဏဝင်နိုင်တယ်၊ ထောင်မှာက မူယစ်ဆေးကို ကြံဖန်သွင်းကြတာ ပိုက်ဆံရှိတဲ့လူတွေကထောင်ထဲမှာ မူးယစ်ဆေး မသိအောင် ပြန်သုံးပေါ့၊ အခုမိတာက ပုတီးအဖြစ်စိပ်လို့ရတဲ့ Digital တာလီ…
Read More
ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း…
Read More
ရဲဘော်သာဒင် ကျဆုံးခဲ့ရသည့်အတွက် ငွေတောင်စားသောက်ဆိုင်အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းမည်

ရဲဘော်သာဒင် ကျဆုံးခဲ့ရသည့်အတွက် ငွေတောင်စားသောက်ဆိုင်အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းမည်

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပေးခဲ့သည့် Freelance Attack Force - FLA ရဲဘော် ချောကလက် (ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရကြောင်း FLAက ယနေ့ ထုတ်ပြန်ထားသည်။ "အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ Freelance Attack Force - FLAမှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး မိမိတို့၏ ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေ‌တောင်စားသောက်ဆိုင် အသိုက် အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားဖြစ်ပါကြောင်း အသိပေးထုတ်ပြန် ကြေညာလိုက်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်အပါအဝင် (၄) ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်အပါအဝင် (၄) ဦး ပစ်ခတ်ခံရပြီးသေဆုံး

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)၊ တပ်ကြပ်ကြီးမြင့်အောင်နှင့် အခြား အမျိုးသား (၂) ဦးတို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ယမန်နေ့ ( ဇန်နဝါရီ ၂၂ ရက်) နေ့လည် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point - Ocean စင်တာ အနီးရှိ အမှတ်(၁)စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူ…
Read More
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက မတရားဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဥက္ကလာပမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်ကို အင်းစိန်ထောင် အထူးတရားရုံးမှ ယနေ့ ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ ယနေ့ အင်းစိန်ထောင်အထူးတရားရုံးမှ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်သည့်အတွက် ယခင်က ချမှတ်ခံထားရသည့် ထောင်ဒဏ် (၃) နှစ်ရှိသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်ချမှတ်ခံထားရကြောင်း သိရသည်။ (more…)
Read More
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှုများ ပြုလုပ်

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှုများ ပြုလုပ်

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှု ရန်ကုန်တိုင်းတွင် စတင်ပြောင်းလဲမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။   ရန်ကုန်တိုင်း၊ မင်္ဂလာဒုံခရိုင်အတွင်းရှိ နွယ်ခွေ၊ အနန်းပင်၊ ချစ်တီးကုန်း၊ ထောက်ကြံ့တောင်ပိုင်းရပ်ကွက်၊ ကြံခင်းစု၊ ပေါက်ကုန်းရပ်ကွက်စသည့် ၁၄ ခုမှ အုပ်ချုပ်ရေးမှူး ၁၄ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့်ဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးပြောင်းလဲလိုက်ကြောင်း သိရသည်။ (more…)
Read More
အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း လှည်းကူးမှာ စွန့်ပစ်ထား

အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း လှည်းကူးမှာ စွန့်ပစ်ထား

RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ တပင်‌ရွှေထီးလမ်းဘေးမှာ အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း စွန့်ပစ်ခံထားသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းဘေးစွန့်ပစ်ခံရသည့် အစ္စလာမ်ဘာသာဝင် (၁၃) ဦးသည် မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရသည်ကို မသိရှိရသေးကြောင်း၊ အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်ဆေးရုံကြီး ပို့ဆောင်စစ်ဆေးနေသည်ဟု သတင်းဖြန့်ထားသည်။ ရခိုင်ပြည်နယ်မှ ကူးလာသည့် အစ္စလာမ်ဘာသာဝင်များ ရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့တွင် ဖမ်းဆီးခံရမှုများ ရှိခဲ့ကြောင်း၊ ယနေ့ နံနက်က တွေ့ရှိရသည့် အစ္စလာမ် ဘာသာဝင် (၁၃) ဦး မည်သို့သေဆုံးခဲ့ရသည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ တရားခံများအားလည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။ #RedNewsAgency
Read More