စစ်ကိုင်းတိုင်း

စစ်ကောင်စီလက်ပါးစေနှင့် လုပ်ငန်းရှင်များပေါင်းပြီး ရွှေမျောလုပ်ငန်းများ တရားမဝင် လုပ်ကိုင်နေ

စစ်ကောင်စီလက်ပါးစေနှင့် လုပ်ငန်းရှင်များပေါင်းပြီး ရွှေမျောလုပ်ငန်းများ တရားမဝင် လုပ်ကိုင်နေ

RNA_မတ်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရွှေမျောလုပ်ငန်းကို စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်၊ ရပ်ကျေးအုပ်ချုပ်ရေးနှင့်ပေါင်းပြီး တရားမဝင် လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ NLD အစိုးရလက်ထက်က ကရားကျေးရွာ ရေတိုက်စားမှု မရှိစေရေးအတွက် ရေထိန်းနံရံ ပြုလုပ်ထားပြီး၊ ကျေးရွာအနီး ရွှေမျောလုပ်ငန်းများ၊ သဲ၊ ကျောက် ထုတ်လုပ်မှုများကို ခွင့်မပြုခဲ့ကြောင်း၊ ယခု စစ်ကောင်စီလက်ပါးစေများနှင့် လုပ်ငန်းရှင်များပေါင်းပြီး တရားမဝင်ပြုလုပ်နေကြောင်း သိရသည်။ " အခုဆို ရွာဆိပ်ကမ်းကိုရောက်ပြီ၊ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ကမ်းထိန်းနံရံကျတဲ့ တည့်တည့်နေရာကို မောင်းနေပါတယ်။ ကျေးရွာနေပြည်သူတွေက ဒါကိုလက်မခံနိုင်ကြောင်းပြောနေကြပါတယ် လက်ရှိမှာသူတို့လုပ်ချင် ရာလုပ်နေကြပါတယ်။ နောက်ဆိုထက်ပိုဆိုးလာနိုင်တာ့မို့ ဘယ်သူ့ပြောရမှန်းလဲ မသိတော့ဘူး ရှိတဲ့လူကြီးကလဲ အထက်ကခိုင်းရင်…
Read More
လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

RNA_မတ်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောကျေးရွာကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဝင်စီးစဉ် PDF ရဲဘော် ကိုမိုးဝင်း၏ မိသားစုဝင် (၄) ဦး အပါအဝင် ပြည်သူ (၁၁) ဦးကို သတ်ပြီး မီးရှို့သွားကြောင်း Hero Tiger Force ထံမှ သိရသည်။ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force ရဲဘော် ကိုမိုးဝင်း၏ (၅) နှစ်သား၊ (၁၁) နှစ်သားနှင့် ဇနီးဖြစ်သူ ဇနီ၏အမေ ယောက္ခမ ဖြစ်သူတို့အပါအဝင် ကျေးရွာနေ ပြည်သူ(၁၁)ကို ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသည့်အတွက် လက်ပံတော ဘုန်းကြီးကျောင်း ဝင်ခိုနေစဉ်…
Read More
ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

RNA_မတ် ၂၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၈) ဦး ကျဆုံးခဲ့ရသည့် သွေးကြွေးအနေဖြင့် ဒီးပဲယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ကြပြီး ယနေ့ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း၊ အလေးပြုခြင်းစသည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၈) ဦးကျဆုံးခဲ့ရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့ကြရကြောင်း၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်တောလေး၊အင်ပင်စသည့် ကျေးရွာနေပြည်သူ ထောင်ချီကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဒီပဲယင်း ရဲစခန်းကို အဝေးပစ် ဒုံး များဖြင့် ယမန်နေ့ညက တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲများသေဆုံးမှုရှိကြောင်း၊…
Read More
ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

RNA_၂၈၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုံးရွာကို စစ်ကောင်စီတပ် ဝင်စီးပြီးနောက် အနီးအနားဝန်းကျင်မှာ ပြည်သူ (၉) ဦးကို သတ်သွားပြီး၊ (၃) ဦးကိုဖမ်းကာ ဆိုင်ကယ် (၅၉)စီးနှင့် ကား ၄ စီး၊ နေအိမ် (၅) လုံးမီးရှို့ကာ ဘုန်းတော်ကြီးကျောင်းက ကွန်ပျူတာကို ဖျက်ဆီးသွားကြောင်း သိရသည်။ "တပ်တွေက ဒီနေ့ထွက်သွားပြီ၊ အနီးဝန်းကျင်မှာ အလောင်း (၉) လောင်းတွေ့တယ်၊ ၂ လောင်းက နယ်ဝေးက၊ ဆိုင်ကယ် ၆၀ ပြောပါတော့ ၅၉ စီးမီးရှို့တယ် နေအိမ် ၅ လုံးပြာကျသွားတယ်။ ၃ ယောက်ကို လေယာဉ်နဲ့ခေါ်သွားတယ် ဖမ်းတာပေါ့၊ အခုတော့ အခြေအနေက ရှုပ်ထွေးနေတုန်းပဲ၊ လောလောဆယ်…
Read More
NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ဦးဆောင်ပီး CDMဆရာ ဆရာမများ‌၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ အခြေခံပညာကျောင်သူကျောင်းသားများကိုအမျိုးသားညီညွတ်ရေးအစိုးရNUG၏သင်ရိုးညွန်းတမ်းနှင့်အညီ နေရာ တချို့တွင် စာပေသင်ကြားနေပီဖြစ်ကြောင်း သိရသည်။ (more…)
Read More
PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များကို နှိပ်နှင်းရန် အလောင်းမင်းတရားစစ်ဆင်ရေး၊ အနော်ရထာ စစ်ဆင်ရေးတို့ကို ဦးဆောင်စီမံကွပ်ကဲနေသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် PDF နှိမ်နှင်းရေး စစ်ဆင်ရေး မအောင်မြင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။ (more…)
Read More
ခင်ဦးမြို့နယ် လယ်ကွင်းပြင်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦးကျဆုံး

ခင်ဦးမြို့နယ် လယ်ကွင်းပြင်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျန်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး လပ်နက်အင်အားမမျှသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦး ကျဆုံးခဲ့ကြောင်း ဝမ်းနည်းစွာ အသိပေးလာသည်။ ဒေသတွင်း အင်အား ၂၀၀ ကျော်ဖြင့် ကျေးရွာများအတွင်းလှည့်ပတ်ကာ နေအိမ်မီးရှို့ ပြည်သူကို နှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်နက်အင်အားမမျှသည့်အတွက် ပြည်သူ့အတွက် အသက်ပေးခဲ့ကြရကြောင်း သိရသည်။ Red News Agency
Read More
ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်စ၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်က ပူးပေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗိုလ်နဂါးဦးဆောင်သောမြန်မာ့တော်ဝင်နဂါးတပ်တော်၊ ပုလဲဂျိုကာတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက် အကျအဆုံးများနိုင်ကြောင်း၊ ဗိုလ်နဂါးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူတချို့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး မျက်နှာ ယမ်းစမှန် ( မစိုးရိမ်ရ) ခဲ့ကြောင်း ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ Red News Agency
Read More
KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ထံမှ စစ်ပညာသင်တန်း တက်ရောက်ခဲ့သူများပါဝင်သည့် ကနီတပ်မတော် (Kani Army - KNA) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာထားသည်။ KNA (Kani Army) အဖွဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ KIA ထံမှ စစ်ပညာသင်တန်းများတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းအခြေခံစစ်ပညာ ဆင့်ပွားသင်တန်း အပတ်စဥ်၁ မှ အပတ်စဥ် ၅ အထိ (KLG) ကျောက်လုံးကြီး အဖွဲ့နှင့်အတူ စစ်ပညာများသင်ကြား ပို့ချပေးခဲ့ကြောင်း KNA (Kani Army) က ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်းအခြားမိတ်ဖတ်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကျရူံးသည့်အထိ…
Read More
PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။     Red News Agency
Read More