Tag: ချင်းပြည်နယ်

  • အာရက္ခတပ်တော်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်မည်

    အာရက္ခတပ်တော်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်မည်

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။

    ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) CDF-Daai ကျစ်လစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေးအတွက် စစ်သင်တန်း၊ လက်နက်ခဲယမ်း၊ ရိက္ခာထောက်ပံ့ခြင်းနှင့် ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံများရရှိရန် လက်တွဲခေါ်ဆောင်ခြင်းတို့ဖြင့် ကူညီပေးသော အာရက္ခတပ်တော် -AA အာလဖာ (၃) စစ်သေသကို အထူးကျေးဇူးတင်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမည်ဟု CDF-Daai က ထုတ်ပြန်ထားသည်။

    (more…)

  • မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

    မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

    RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။
     
    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။
     
    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။

    (more…)

  • မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲဝင် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်များ မိခင်တပ်ရင်းထံ ယနေ့ ပြန်ရောက်ရာတွင် ဒေသခံပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။

    ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်တစ်ဦး တပ်ခွဲမှူး ရဲဘော် ၁၀ ( ၁၀ ဆိုသည်မှာ ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များထဲမှ (၂)ဦးသည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ထုတ်ပြန်ထားသည်။

    (more…)

  • ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

    ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

    RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ချင်းညီနောင် Operation CB ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်များရိုက်ကူးထားသော မြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=6cE8HIan1kA[/embedyt]

    #RedNewsAgency #REDNEWS #RNA

  • ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

    RNA_ဧပြီ(၁၄)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်များနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲဘော်များလည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့်အတွက် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

    ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

    RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။
     
    ဖလမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် (၇) ဦးနှင့် ပတ်သက်ပြီး Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရဲဘော်များအနေဖြင့် ပေးဆပ်စရာ အသက်ပဲ ရှိတော့သည်ဟု ပြောသည်။
     
    “ကျွန်တော်တို့မှာ ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး ပေးဆပ်စရာလဲ ဘာမှမရှိတော့ဘူး ကျွန်တော်တို့အသက်ပဲ နောက်ဆုံးမှာရှိတော့တာပေါ့။ ကျွန်တော်တို့ အသက်ရှိစဉ်ကာလအတွင်း အသက်မသေမချင်း ခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးလုပ်သွားမှာပါ။ အခုလည်း ရဲဘော်တွေ အကောင်းဆုံး မြင့်မြတ်စွာ ကျဆုံးခြင်းပါ။ သူတို့တာဝန်ကျေခဲ့ပါပြီ ကျန်ရှိနေတဲ့ တာဝန်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာပါ” ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    (more…)

  • ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့

    RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့ရပြီး ရဲဘော် (၃) ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကာ ဒဏ်ရာရရဲဘော် (၃၀) ခန့်ရှိသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Red News Agency ကို ပြောသည်။

    [embedyt] https://www.youtube.com/watch?v=ucYWDDvOGuQ[/embedyt]

    (more…)

  • ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

    RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ အညာဒေသအခြေစိုက်တပ်များဖြစ်သော 96 Soldiers PDF၊ BNRA၊ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစု၊ YDF၊ ကလေးခရိုင် ပကဖနှင့် ဒရုန်းတပ်ဖွဲ့၊ Myingyan Black Tiger (MBT) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သော 96 Soldiers PDF ရဲဘော်များ

    ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးအတွင်း စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ချင်းညီနောင် သတင်း မှတ်တမ်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

    (more…)

  • မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် အခြားသောမဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်ပြီး ပြန်လာခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ အောင်ပွဲရ ရဲဘော်များကို ဒေသခံတော်လှန်ပြည်သူများက ဝမ်းသာအားရ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြကြောင်း ရုပ်သံမှတ်တမ်းကို ယနေ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားသည်။

    (more…)

  • မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

    မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

    RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်ခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ကျဆုံးခဲ့ရပြီး၊ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့သူ ရဲဘော် (၃) ဦး၊ ထိုက်ခိုက်ဒဏ်ရာရရှိသူ ရဲဘော် (၉) ဦး၊ ကိုယ်အင်္ဂါပြတ်တောက်ခဲ့သူ ရဲဘော် (၂) ဦးရှိကြောင်း မုံရွာခရိုင် အမှတ်(၃) တပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။

    မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့်အတူ ယောဒေသတော်လှန်ရေးတပ်၊ Yaw Army နှင့် မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အာရက္ခတပ်တော်၏ စစ်ရေး၊ စစ်လက်နက်စသည့် အကူအညီများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၉) ရက်မှ စတင်တိုက်ခိုက်ကာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မင်းတပ်မြို့ရှိစစ်ကောင်စီလက်အောက်ခံများအားလုံးကို တိုက်ထုတ်နိုင်ပြီး မြို့သိမ်းပိုက်နိုင်ခဲ့သည်။

    (more…)