Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

    သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

    RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာအနီး၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၁)၊ တပ်ခွဲ (၃) စခန်းအား စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံစဉ် လက်နက်အင်အားမမျှသည့်အတွက် စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံးခဲ့ရပြီး ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=bCxIQZKv0lE[/embedyt]

    ” CDSOM လို့ပေါ်ပေါက်ပြီး မြောင်နယ်ရဲ့တော်လှန်ရေးအစကတည်းက ကျဆုံးချိန်ထိ လက်တွဲညီညီ သစ္စာရှိရှိနဲ့ တပည့်ပေါင်းများစွာမွေးထုတ်ပေးပြီး ခေါင်းဆောင်ကောင်းပီသစွာ ရွတ်ရွတ်ချွံချွံတိုက်ပွဲတွေဝင်ခဲ့တဲ့မင်း။ အဖွဲ့ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ ပိုင်ဆိုင်မှုတွေရောင်းချပေါင်နှံပီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့မင်း။ ငါယုံကြည် ငါအားကိုးရတဲ့မင်း ငါ့အနားကထွက်ခွားသွာခဲ့ပြီ။ ငါကိုယ်တိုင်လဲ လဲကျချင်နေပီ ဒါပေမယ့် အားတင်းပီး မင်းတို့ရဲ့ဆန္ဒတွေပြီးမြောက်သည်ထိ “ဆင်ရိုင်းစစ်ဆင်ရေး” တွေနဲ့ ငါဆက်ပီးကြိုးစားသွားပါမယ်၊ အလေးပြုလိုက်ပါတယ် ” ဟု CDSOMမှ ကိုနွေဦး – မြောင်က လူမှုကွန်ရက်မှာ ပြောကြားထားသည်။

    (more…)

  • လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

    လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

    RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်းအခြေစိုက် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=r3tCE2q1Rl4[/embedyt]
    “ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ဦးစီးချုပ် ဟာကြူလီက ပြောကြားခဲ့သည်။

    (more…)

  • မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

    မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ရုပ်သံကို ယနေ့ ကော်ဘရာစစ်ကြောင်းမှ Cobra Ko Shine က ပြည်သူများကို အသိပေးထားသည်။

    “မြဝတီကုန်သွယ်ရေးဇုံကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပုံ မှတ်တမ်း၊ ဇော်မဲလုံးပြောသလို ကျွန်တော်တို့ မိုက်မိုက်ကန်းကန်းပါပဲ လူ ၂၀ ကျော်လေးနဲ့ ဝင်ပစ်တာ” ဟု ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=jE7MIb3liaE[/embedyt]

    (more…)

  • မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

    မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

    RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။

    ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာဖြည့်ရန် ထွက်ခွာလာသော ယာဉ် (၃)စီးနှင့် အင်အား (၈၀) ခန့်သည် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၃) ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိကြောင်း CDF – Matupi မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    စားနပ်ရိက္ခာဖြည့်ရန်လာသည့် စစ်ကောင်စီတပ် ယာဉ် (၃) စီးနှင့် အင်အား (၈၀) ခန့်ကို မတ်လ (၂၃-၂၄) ရက်နေ့က CDF-Matupi နှင့် CNA တို့မှ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှု တကြိမ်တွင် စစ်ကောင်စီဘက်မှ (၇) ဦးသေဆုံးကြောင်း၊ ထိတွေ့တိုက်ပွဲ (၃) ကြိမ်တွင် စစ်ကောင်စီဘက်မှ (၆)ဦး သေဆုံးပြီး (၇) ဦးဒဏ်ရာရရှိကြောင်း၊ တိုက်ပွဲအတွင်း CDF-Matupi မှ ရဲဘော်(၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    RNA_မတ်(၂၄)၊၂၀၂၃ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် တပ်ဖွဲ့အင်အားများဖြန့်ကျက် အထိုင်ချစခန်းများပြုလုပ်ထားနိုင်သည့်  M7 People’s Defense Army ခေါင်းဆောင် ဗိုလ်မင်းရောင်ကို Red News Agency ကမေးမြန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=X37p4UhO4Mw[/embedyt]

    နယ်မြေစိုးမိုးနှင့် လက်တလော အခြေအနေများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများ၏ ပါဝင်မှုများ၊ နွေဦးတော်လှန်ရေး ပန်းတိုင်စသည်တို့ကို M7 People’s Defense Army ခေါင်းဆောင်ဗိုလ်မင်းရောင်ကပြည့်ပြည့်စုံစုံဖြေကြားထားသည်။

    Red News Agency

  • ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင်

    RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။

    မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှအနီးကပ် ဝင်တိုက်ခိုက်ခဲ့ကြစဉ် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိပြီး အင်အားအများအပြားဖြင့် တိုက်ခိုက်ခံရစဉ်တပ်ဆုတ်နိုင်ရန် ကာပစ်ပေးရင်း တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

    (more…)

  • လက်လုပ် လက်နက်အများစုဖြင့်သာ ခုခံနေရသည့် ပေါက်တောင်ပိုင်း

    လက်လုပ် လက်နက်အများစုဖြင့်သာ ခုခံနေရသည့် ပေါက်တောင်ပိုင်း

    RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။

    စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်သေနတ် အများစုဖြင့်သာ ကာကွယ်နေရကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တို့ထံမှ သိရသည်။

    “ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တော်တော်များများက လက်နက်အစစ်ရှားပါသေးတယ်၊ မိုင်းခွဲမယ်၊ အဝေးပြစ်တွေနဲ့ ပစ်မယ်၊ ကြားဖြတ်တိုက်မယ်ဆိုရင်တော် မဟာမိတ်တွေနဲ့ စုလုပ်ရပါတယ်။ ရဲဘော်တွေအနေနဲ့ သူပစ် ကိုယ်ပစ်ကြားမှာ အချိန်မရွေးထိခိုက်နိုင်တာပေါ့ အဲဒီအချိန်ဆို စိတ်ထိမ်းနိုင်ဖို့ခက်တယ်၊ ဒီစခတွေကို တော်တော်မုန်းနေကြတာဗျ၊ လူသတ်မီးရှို့ ဖျက်ဆီးနေတာကို အမျိုးမျိုးလည်း ကြိမ်ဆဲကြတာပေါ့၊ ပစ်စရာရှိ ပစ် ပြေးစရာရှိ ပြေးရတာပဲ၊ နယ်မြေစိုးမိုးမှု ဒီကောင်တွေမရအောင် ခုခံနေကြရတာပါ” ဟု တိုက်ပွဲဝင် ရဲဘော်တဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=2A2GYxsJN6k[/embedyt]

    ယခုတပတ် ပေါက်တောင်ပိုင်းဒေသအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း (ပေါက်တောင်ပိုင်းပြောက်ကျားတပ်)၊ Daewah Yatkha Team တပ်ဖွဲ့နှင့် Rocket Fighter တပ်ဖွဲ့ စသည်တို့ ပူးပေါင်းကာ ခုခံကာကွယ်ခဲ့ကြကြောင်း သိရသည်။

    Red News Agency

  • မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်

    မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်

    RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ပြည်သူများ သွားလာသည့်လမ်းတွင် စစ်ဆေး အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်နေသည့် မြို့အဝင်ဂိတ်တို့အား Shar Htoo Waw Drone နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=q_vPuqV4VAk[/embedyt]
     
    မြိုင်ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့ကို မြိုင် ပကဖနှင့်အတူ Salingyi Special Task Force – SSTF  (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅)၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့  001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပ.က.ဖ (ဘာဂျာ “AERIAL Drone Team”)၊ Salingyi Special Task Force – SSTF တပ်ခွဲ “SPACE MAN” Drone အဖွဲ့ တို့ ပူးပေါင်းပြီး မတ်လ (၁၈) ရက်နေ့က ညနေ (၄) နာရီ (၃၀) မိနစ်ဝန်းကျင်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ ကထုတ်ပြန်ထားသည်။
     
    #RedNewsAgency

  • Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

    Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

    စစ်ကောင်စီတပ်နှင့် (၃) ရက်တာတိုက်ပွဲဖြစ်ပွားပြီး Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ
     
    RNA_မတ်လ(၁၉)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT)၏ ဌာနချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ တပ်မ ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းနှင့် MBT၏ ကျားမဲစစ်ကြောင်းတို့ (၃)ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့က Myingyan Black Tiger(MBT)၏ ဌာနချုပ် ခစန်း စွန့်ခွါလိုက်ရကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=4yBNTXS6ofE[/embedyt]
     
    “ 18.3.2023)တွင် MBT၏ ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရပြီး ယနေ့ချိန်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျှက်ရှိသည်။ (၃)ရက်တာတိုက်ပွဲအတွင်း MBTမှ ရဲဘော် ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေသည်။ စစ်ကောင်စီဘက်မှ ၆ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေအရ အတည်ပြုနိုင်ခဲ့သည်” ဟု Myingyan Black Tiger(MBT) မှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

    RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ ထန်တလန်မြို့၊စစ်ကောင်စီတပ် အထိုင်ချနေသည့် တပ်ကုန်းသို့ ဆင်းသက်လာသည့် စစ်ကောင်စီတပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
     
    CNA နှင့် CDF-Thantlang တို့ပူးပေါင်းပြီး ထန်တလန် တပ်ကုန်းသို့ဆင်းသက်လာသည့် စစ်ကောင်စီတပ် Mi-17 ထောက်ပို့ ရဟာတ်ယာဉ်ကို မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်ခန့်က Drone ဖြင့်တိုက်ခိုက်ခဲ့ကြသည်ဟု Chinland Information Center မှ ယနေ့ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=0cjFASSoGnI[/embedyt]
    #RedNewsAgency