သတင်း

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော "နတ်မိကျောင်း စစ်ဆင်ရေး"အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More
စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီ

စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီ

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ အာဏာကိုမတရားနည်းဖြင့် ရယူထားသော စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီဟု ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောကြားသည်။ ဖက်ဒရယ်စနစ်ကို ပုံဖော်မည့် ပြည်ထောင်စုသစ်တခု တည် ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်ကို ရောက်ရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား ဘုံသဘောထားများ ချမှတ်ပြီး လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမည် စသဖြင့် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့) တွင်ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်ထုသို့ ပေးပို့သည့်…
Read More
ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၄) ဦးအပါအဝင် (၆၀) ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၄) ဦးအပါအဝင် (၆၀) ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း…
Read More
ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်

အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်

RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။ (more…)
Read More
အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးထပ်ကြဲသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းအပါအဝင် ၄ ဦးထပ်မံသေဆုံး

စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးထပ်ကြဲသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းအပါအဝင် ၄ ဦးထပ်မံသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၃၀ ရက်) နံနက်စောစော (၁) နာရီခန့်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းပါအဝင် ၄ ဦးထပ်မံသေးဆုံးသွားကြောင်း သိရသည်။ "အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်သည်"ဟု ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်း

ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်း

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ ခုနှစ်။ ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများစုစည်း၍ ကယန်းအမျိုးသားတပ်မတော် (KNA) ကို ယနေ့ (အောက်တိုဘာ ၂၉ ရက်) တွင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည်။ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြားကယန်းဒေသများရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်များကို တစုတစည်းတည်းပေါင်းစည်းထားသည့် ကယန်းအမျိုးသားတပ်မတော်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ကယန်းအမျိုးသားတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ #RedNewsAgency #RNA
Read More
ကျားခဲကျေးရွာတွင် သတ်ဖြတ်ခံရသော ရဲဘော်(၅) ဦးနှင့်ပတ်သက်ပြီး ခွင့်လွှတ်မည်မဟုတ်ဟု ထီးလင်းပကဖ အသိပေး

ကျားခဲကျေးရွာတွင် သတ်ဖြတ်ခံရသော ရဲဘော်(၅) ဦးနှင့်ပတ်သက်ပြီး ခွင့်လွှတ်မည်မဟုတ်ဟု ထီးလင်းပကဖ အသိပေး

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာမှ ကျေးရွာလုံခြုံရေးကင်းတဲတွင် တာဝန်ထမ်းဆောင်နေသော ပကဖရဲဘော် သန်းစိန်မင်း၊ ရဲဘော် နေမျိုးကျော်နှင့် အခြားရဲဘော်တဦး၊ ရဲဘော်မင်းသူ၊ ခရိုင်တပ်ရင်း ၂မှ ရဲဘော်နေဆန်းဝင်းတို့ကို သတ်ဖြတ်သွားသော စစ်ကောင်စီတပ်နှင့်ပျူများအား ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အနေဖြင့် လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ကြောင်း ယနေ့ အသိပေးထားသည်။ "ရဲဘော်နေဆန်းဝင်းမှာ ကင်းတဲတောင်ဘက် မီတာ ၂၀ခန့်အကွာ လယ်ကွက်ထဲတွင် ညာဘက်ပေါင်ရင်း ကျည်မှန်ဒဏ်ရာ ခြေမ ပြတ်ရှဒဏ်ရာတို့ဖြင့် ကျဆုံးခဲ့ပါသည်။ ကင်းတဲတွင်ကျန်ခဲ့သော ရဲဘော်၃ဦးနှင့် မိမိအိမ်တွင်အိပ်နေရာမှ သေနတ်သံကြား၍ ထွက်ပြေးစဉ်ဖမ်းဆီးခံရသော ရဲဘော်မင်းသူ တို့အား ဖမ်းဆီးစစ်ဆေးခံရသောပြည်သူများ ကင်းတဲအနီးပုန်းခိုနေကြသော ပြည်သူများ၏ပြောကြားချက်အရ ရဲဘော် (၄)ဦးကို…
Read More
၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။ ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။ Red News Agency
Read More