သတင်း

အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

RNA_ဒီဇင်ဘာ(၃)၊၂၀၂၄ခုနှစ်။   အညာဒေသ စစ်ကိုင်းတိုင်းနှင့် မြေလတ် မကွေးတိုင်းတို့တွင် တော်လှန်ရေးနောက်တဆင့်တက်ရန်အတွက် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်မည့်အခြေအနေ မြင်တွေ့နေရသည်ဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားနယ်မြေများနှင့် မဟာမိတ်များ၊ အညာဒေသအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအခြေအနေများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုမင်းဟန်ထက်ပြောပြထားသည့် အင်တာဗျူးအပြည့်အစုံကို Red News Agency က မကြာမီဆက်လက်ဖော်ပြပါမည်။ #RedNewsAgency
Read More
ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

RNA_ဒီဇင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ် အခြေစိုက် NUG/MOD PDF မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ပြည်သူ့အားကိုးဖြင့် မိုက်နေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ ဗိုလ်မိုက်ခဲဦးဆောင်သော တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အသင့်ဖြစ်နေသည့်အတွက် မြို့သိမ်းတိုက်ပွဲအတွက် လိုအပ်နေသော "End Point" ကမ်ပိန်းကို ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ရန် မိဘပြည်သူများအား ဗိုလ်မိုက်ခဲက အထူးမေတ္တာရပ်ခံထားသည်။ #RedNewsAgency #RNA #RedNews #Ahnyar
Read More
အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

RNA_နိုဝင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော် - AA မှ သိမ်းပိုက်ထားပြီီးမြို့ပြင်ရှိစခန်းများကို တပြိုင်တည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း စစ်ကောင်စီ၏ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စခန်း၊ မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းနှင့် မြို့မ ရဲစခန်းအပါအဝင် စခန်းနှင့်ဂိတ် (၁၀) ခုအား နိုဝင်ဘာ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီး နိုဝင်ဘာ ၂၄…
Read More
စစ်ကောင်စီ၏ ခလရ (၈၀) တပ်တိုက်ပွဲအတွင်း အသေအဆုံးများ

စစ်ကောင်စီ၏ ခလရ (၈၀) တပ်တိုက်ပွဲအတွင်း အသေအဆုံးများ

စစ်ကောင်စီ၏ ခလရ (၈၀) တပ်တိုက်ပွဲအတွင်း အသေအဆုံးများ၊ တော်လှန်ရေးအင်အားစုများက သေနတ် (၂၂) လက်နှင့်အတူ စစ်သုံ့ပန်း (၅) ဦးဖမ်းဆီးရမိ RNA_နိုဝင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အစပ်တနေရာတွင် စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခဲ ခလရ (၈၀) နှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ အသေအဆုံးများပြီး သေနတ် (၂၂) လက်နှင့်အတူ ခဲယမ်းများ၊ စစ်သုံ့ပန်း (၅) ဦးဖမ်ရဆီးရမိကြောင်း KNDF ထံမှ သိရသည်။ "စစ်ကောင်စီဘက်က သေတာတော့များတယ် သိမ်းဆည်းရမိတဲ့လက်နက်တွေကြည့်လေ ဘယ်လောက်သေလဲ အတိအကျပြောဖို့ခက်တယ် တိုက်ပွဲကမပြီးသေးဘူး အလောင်းသွားရေနေလို့ မရသေးဘူး” ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ…
Read More
စစ်ရေးတင်းများမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း PSLF/TNLA ကြေညာ

စစ်ရေးတင်းများမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း PSLF/TNLA ကြေညာ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။ စစ်ဘေးဒဏ်ဆိုးရွားစွာခံနေရသည့် ဒေသခံမိဘပြည်သူများ၏ အကျိုးကိုငံ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုသောအားဖြင့် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PSLF/TNLA က ယနေ့ ထုတ်ပြန်လိုက်သည်။ "မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦီး(TNLA) မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ွရက်ပါမည် ဖြစ်ပါသည်" ဟုတ် ထုတ်ပြန်တွင် ဖော်ပြထားသည်။ (more…)
Read More
စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်

စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီအသုံးချခံ မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအခြေအနေအရ ထိုင်းနိုင်ငံ တနေရာတွင် အခြေစိုက်ကြသော လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တို့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ဖွဲ့စည်းလိုက်သော အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်နဲ့ ကောင်စီ အဖွဲ့ဝင်တွေကို လုံးဝ (လုံးဝ) အသိအမှတ် မပြုကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း IMJA ကထုတ်ပြန်ထားပြီး၊ စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ရန် ဆောင်ရွက်ရန်အတွက်သာ ဖြစ်သည့်အတွက်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…
Read More
စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး​ (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ (more…)
Read More
ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ "စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်" ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့အသီးအသီးမှ ဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့သည့် (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးသွားရသည့် ဗိုလ်လောင်းများမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (SLF/TNLA) မှ (၁၁) ဦး၊ အာရက္ခတပ်တော် -AA မှ (၈) ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF မှ (၂) ဦး၊ ချင်းအမျိုးသားတပ်ဦး -CNF မှ (၂) ဦး ကျဆုံးခဲ့ရသည်။ (more…)
Read More