စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

Written by

in

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။

ကရင်နီပြည်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ရန်လာသော စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည်ဟု KNDF ကသတင်းထုတ်ပြန်လိုက်သည်။

ဖားဆောင်းမြို့တိုက်ပွဲသို့ ဇူလိုင်လ (၂) ရက်နေ့ နံနက် (၁) နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ရန် လာသော စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည့်အတွက် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားဆောင်းမြို့အနီးအနားတွင် ပစ်ချခံရသော လေယာဉ်ကိုယ်ထည် အပျက် အစီးများနှင့်အတူ လေယာဉ်မှူး (၂) ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုပါ တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များက ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၅ ကို ဇွန်လ ၃၀ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ ကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA