News

စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာ၌ လူပေါင်း (၁၂၀၀) ခန့် သေဆုံးနိုင်ဟု သုတေသနပညာရှင်များ ပြော

စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာ၌ လူပေါင်း (၁၂၀၀) ခန့် သေဆုံးနိုင်ဟု သုတေသနပညာရှင်များ ပြော

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့် အပူချိန်မြင့်တက်လာမှုတို့ကြောင့် (၆) လအတွင်း ကမ္ဘာတစ်ဝန်း၌ လူပေါင်း (၄၅၁၀၀၀) ခန့် သေဆုံးနိုင်ကြောင်း ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များနှင့် သုတေသနရှင်များ ပူးပေါင်းပါဝင်သော Climate Impact Lab က အစီရင်ခံစာထုတ်ပြန်ထားသည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ စူပါအယ်လ်နီညို သက်ရောက်မှုဖြစ်စဉ်ကြောင့် အပူချိန်ပိုမိုမြင့်တက်လာနိုင်သည့်အတွက် ကမ္ဘာတစ်ဝန်း လူသိန်းနှင့်ချီ သေဆုံးမှုအန္တရာယ်ကို ကြိုတင်ကာကွယ်ပြင်ဆင်ရန် Climate Impact Lab က တိုက်တွန်းထားသည်။ ယင်းဖြစ်စဉ်အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း (၁၂၀၀) ခန့်သည် (၆)လတာကာလအတွင်း ဆိုးရွားသည့် အပူချိန်မြင့်တက်မှုကြောင့် သေဆုံးနိုင်ခြေရှိကြောင်း ဖော်ပြထားပြီး အများဆုံး (၁၃၀၀)…
Read More
မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန် မလေးရှားကို ကုလသမဂ္ဂ ပြော

မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန် မလေးရှားကို ကုလသမဂ္ဂ ပြော

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ မလေးရှားအစိုးရ တာဝန်ရှိသူများအနေဖြင့် မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာဥပဒေထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Kelley E. Currie က တောင်းဆိုထားသည်။ မလေးရှား ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများထဲမှ (၅၀၀၀) ကို နေရပ်ပြန်ပို့ရန် စစ်အုပ်စုတာဝန်ရှိသူများနှင့် မလေးရှားအစိုးရကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ပထမအသုတ်အနေဖြင့် မြန်မာဒုက္ခသည် (၁၄၇၆) ဦးကို ပြီးခဲ့သည့် စက်တင်ဘာ (၂၉) ရက်က နေရပ်ပြန်ပို့မှု စတင်ခဲ့ခြင်းဖြစ်သည်။ “အမျိုးသမီးတွေနဲ့ ကလေးတွေပါအပါအဝင် မြန်မာနိုင်ငံသား (၅၀၀၀) ကို နေရပ်ပြန်ပို့ဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ သဘောတူညီမှုရယူခဲ့တဲ့ မလေးရှားအစိုးရရဲ့လုပ်ဆောင်မှုအပေါ် ကျွန်မအနေနဲ့ အတော်လေးစိုးရိမ်မကင်းဖြစ်ရပါတယ်။ မလေးရှားအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေတွေကို…
Read More
အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ပြောကြားထားကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။ စက်တင်ဘာကုန်၌ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းမှုသည် အီရတ်နိုင်ငံတွင်း ဆယ်စုနှစ် (၂) ခုကျော်ကြာ ရှိနေခဲ့သည့် ၎င်းတို့၏ စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ခြင်းခဲ့ဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုသည် ဘဂ္ဂဒက်နှင့် ဝါရှင်တန်ကြား ပြီးခဲ့သည့် (၂) နှစ်ကျော်ကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း အီရန်နှင့် အမေရိကန်ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် အီရတ်နိုင်ငံတွင်းသို့ ကူးစက်မှုများလည်း ရှိနေခဲ့သည်။ အီရန်စစ်တပ် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များကလည်း အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများရှိနေပြီး အမေရိကန်ကလည်း ယင်းအဖွဲ့များ၏ အခြေစိုက်စခန်းများကို…
Read More
အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုသည် ဖမ်းဆီးနှိပ်စက်ခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဟု ဆို

အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုသည် ဖမ်းဆီးနှိပ်စက်ခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဟု ဆို

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်ရှိ အထူးတိုင်းစစ်ဌာနနယ်မြေအတွင်း ဗုံးကြဲခံရမှုသည် စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုကိုခံခဲ့ရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့် သတင်းပေါက်ကြားမှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်းစစ်ဌာနက ယနေ့ (စက်တင်ဘာ ၃၀ ရက်) ထုတ်ပြန်လာသည်။ စက်တင်ဘာ (၂၄) ရက်က စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့သည့်နေရာသည် အထူးတိုင်းစစ်ဌာန၏ ဆက်သွယ်ရေးစခန်းနေရာဖြစ်ပြီး နေပြည်တော် လေတပ်စခန်းဌာနချုပ်မှ MiG-29 ဂျက်ဖိုက်တာ လေယာဉ် (၂) စင်းဖြင့် ဗုံးသီး (၄) လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသို့လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် “ရန်သူ (စစ်အုပ်စု) ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရသော မိမိတို့၏ ရဲဘော်များအား အဓမ္မစစ်ကြောမေးမြန်းစဉ် ရရှိသော ထွက်ဆိုချက်များကို…
Read More
စစ်အုပ်စု၏ စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ဒစ်ဂျစ်တယ်လုံခြုံရေး အထူးဂရုစိုက်ကြရန် MIP တာဝန်ရှိသူ ပြော

စစ်အုပ်စု၏ စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ဒစ်ဂျစ်တယ်လုံခြုံရေး အထူးဂရုစိုက်ကြရန် MIP တာဝန်ရှိသူ ပြော

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ မြန်မာနိုင်ငံတွင်း လူသုံးများသည့် လူမှုကွန်ရက်များအပါအဝင် အင်တာနက်အသုံးပြုသူများကို စောင့်ကြည့်နေသည့် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေး ယန္တရားသည် အားကောင်းကောင်းနှင့် လည်ပတ်နေခြင်းကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးဂရုစိုက်ကြရန် မြန်မာအင်တာနက်ပရောဂျက် (MIP) မှ ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က ပြောသည်။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင် (၂၇၀၀) ၏ အချက်အလက်များကို ရရှိထားပြီး (၂၁) ဦးကို ဖမ်းဆီးထားကြောင်း စစ်အုပ်စုက ယခု စက်တင်ဘာ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် တော်လှန်ရေး၌ ပူးပေါင်းပါဝင်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ သို့သော် စစ်အုပ်စု၏ ထုတ်ပြန်မှုသည် ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ပြီး ယင်းအချက်အလက်များကို PRF တာဝန်ရှိသူများအနေဖြင့် အပြည့်အဝစိစစ်ပြီးဖြစ်ကြောင်း၊ အမှန်တရားနှင့် လုံးဝကိုက်ညီမှုမရှိသည့်…
Read More
လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချ

လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချ

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးအား စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ (UNHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးတို့က ထုတ်ပြန်ထားသည်။ အရပ်သားပြည်သူ သေဆုံးမှု (၅၀) ဦးအထိရှိလာသည့် စက်တင်ဘာ (၂၈) ရက်က ကျောက်တော်မြို့ အိန္ဒိယဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ယခုကဲ့သို့ ဆိုးရွားလှသည့် တိုက်ခိုက်မှုအပေါ် ယူကေအစိုးရမှ ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ယူကေသံရုံးက ထုတ်ပြန်ထားသည်။ ယူကေအစိုးရအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း၊ အရပ်သားပြည်အားလုံဂကို အကာအကွယ်ရေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ကြောင်းလည်း…
Read More
လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် စစ်အုပ်စု တာဝန်ခံရမည်ဟု အာဆီယံလွှတ်တော်အမတ်များ ပြော

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် စစ်အုပ်စု တာဝန်ခံရမည်ဟု အာဆီယံလွှတ်တော်အမတ်များ ပြော

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် စစ်အုပ်စုအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများရှိရာ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ (၅၀) ဦးအထိ သေဆုံးခဲ့ပြီး (၆၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မင်းအောင်လှီုင်နဲ့ စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ သူတို့တွေက…
Read More
PRF ထောက်ပို့အဖွဲ့ဝင် ဖမ်းဆီးခံရမှုနှင့် စာရင်းများရရှိထားကြောင်း စစ်အုပ်စု ဖော်ပြမှုသည် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်

PRF ထောက်ပို့အဖွဲ့ဝင် ဖမ်းဆီးခံရမှုနှင့် စာရင်းများရရှိထားကြောင်း စစ်အုပ်စု ဖော်ပြမှုသည် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးတပ်ဖွဲ့များအား ကူညီထောက်ပံ့နေသည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့် အဖွဲ့ဝင်စာရင်းများ ရရှိထားသည်ဟု စစ်အုပ်စုဘက်မှ ထုတ်ပြန်မှုသည် ဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်ပြောထားသည်။ စစ်အုပ်စု၏ ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ တော်လှန်ရေးတပ်ဖွဲ့များအတွက် PRF မှတဆင့် ငွေကြေးထောက်ပံ့ခဲ့သူ (၂၁) ဦးကို ဖမ်းဆီးရမိထားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားပြီး PRF အဖွဲ့ဝင် (၂၇၀၀) ၏ စာရင်းကိုလည်း ရရှိထားကြောင်း ဖော်ပြထားသည်။ စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ WavePay ဖြင့် ထောက်ပံ့သူ (၇၀၀) ဦး၊ NUG Pay ဖြင့် ထောက်ပံ့သူ (၁၀၀၀) ဦးနှင့် SDB…
Read More
စစ်အုပ်စုပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့အား ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံက ပြန်ရုပ်သိမ်း

စစ်အုပ်စုပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့အား ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံက ပြန်ရုပ်သိမ်း

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အုပ်စုပိုင် ဘီယာ၊ အဖျော်ယမကာနှင့် အချိုရည် အမှတ်တံဆိပ်များကို ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံကုမ္ပဏီ Monde Selection က ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း Justice For Myanmar (JFM) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ထားသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးချုပ် Quai d’Orsay ၌ ကျင်းပခဲ့သော လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးကို ဆန်းစစ်အကဲဖြတ်သည့် Monde Selection ၏ ၂၀၂၆ ခုနှစ် ဆုပေးပွဲအခမ်းအနားတွင် ဒဂုံအဖျော်ယမကာကုမ္ပဏိကို ဆုတံဆိပ်များ ပေးအပ်ချိန် Info Birmanie နှင့် Justice For Myanmar တို့က…
Read More
ကျောက်တော်ဗုံးကြဲခံရပြီးနောက် မလေးရှားက မြန်မာနိုင်ငံသားများကို စစ်အုပ်စုထံ ပြန်လွှဲပေး

ကျောက်တော်ဗုံးကြဲခံရပြီးနောက် မလေးရှားက မြန်မာနိုင်ငံသားများကို စစ်အုပ်စုထံ ပြန်လွှဲပေး

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ မလေးရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအား စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးနေမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များ (APHR) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်း၌ ပီရတ် (Perak) ပြည်နယ် လူမွတ် (Lumut) ဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံသား (၁၅၀၀) အား စစ်အုပ်စုထံ လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်များကို မလေးရှားအစိုးရ တာဝန်ရှိသူများက စတင်လုပ်ဆောင်နေမှုအပေါ် နေရပ်ပြန်ပို့ခံရသူများအတွက် ဘေးကင်းလုံခြုံမှုရှိမှသာ နေရပ်ပြန်ပို့ရန် APHR က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုနှင့် သဘောတူညီမှုရထားသည့် မလေးရှားအစိုးရမှ နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသား (၅၀၀၀) ထဲမှ ယခု ပထမဆုံးအသုတ်အဖြစ် (၁၅၀၀) ကို…
Read More