19
Nov
ဒီလှိုင်း ချောက်၊ နိုဝင်ဘာ ၁၉ ရက်။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ ဆားလယ်ကျေးရွာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့် အတွင်းရေးမှူး တို့ကို တရားစွဲခဲ့သူသည် နိုဝင်ဘာလ ၁၃ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၆၄ ဖြင့် ပြည်လည်အမှုဖွင့် ခံခဲ့ရသည့်အတွက် စလေ ရဲစခန်းအချုပ်တွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။ အောက်တိုဘာလ၂၉ရက်နေ့က ကြိုတင်ဆန္ဒမဲပေးချိန်တွင်ဆန္ဒမဲလက်မှတ်များ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် လျှို့ဝှက်ကြိုတင်ဆန္ဒမဲပေးသည့်နေရာ၌ အင်းပက်အား မထားရန် မဲကော်မရှင်သို့တောင်းဆိုခဲ့သော်လည်း မဲကော်မရှင်ဥက္ကဌဦးစိုးခိုင်နှင့် ကော်မရှင်အတွင်းရေးမှူးဦးအေးချမ်းပြည့်တို့မှ လိုအပ်လို့ထားတာပါလို့ပြောပြီး သိမ်းဆည်းခြင်း မရှိခဲ့သည့်အတွက် မဲဆုံးရှုံးမှုများကြောင့် ချောက်မြို့နယ်၊ဆားလယ်ကျေးရွာအုပ်စု၊ဆားလယ်ကျေးရွာမှ ရွေးကောက်ပွဲစောင့်ကြည့်နေသူ ဦးအောင်လွင်မှ တိုင် တန်းခဲ့သည့်အတွက် စလေမြို့ရဲစခန်းက (ပ)၈၈/ ၂၀၂၀၊ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉-က/၆၀ဖြင့်…