DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည် (ကယား) ဒီးမော့ဆို မြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)နှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့ဝင်များနှင့် ယနေ့ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဒီးမော့ဆို မြို့မရဲစခန်းတိုက်ပွဲနှင့် ငွေ​တောင်အုပ်စုဘက်မှ ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်ဖွဲ့နှင့် ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်သီဘက်က အကျအဆုံးများနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခဲ့ကြောင်း DMO-PDF က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နေ့ ငွေတောင်ဆည်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး တိုက်လေယာဉ် (၂) စီးအသုံးပြု ပစ်ခတ်ခဲ့သေည်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များမှာ ဒဏ်ရာရရှိသူများသာရှိပြီး စစ်ကောင်စီတပ်က (၃၀) ဝန်းကျင်သေဆုံးနထုင်သည်ဟု ထုတ်ပြန်ထားကြကြောင်း၊ ယနေ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲပြင်းထန်ခဲ့သည့် ငွေတောင်ဆည်အနီးတဝိုက် နယ်မြေရှင်းလင်းရေး လုပ်နေကြကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *