သတင်း

သတင်းအမှောင်ချခံထားရသည့် နေပြည်တော်

RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။ ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တွင် သေဆုံးအလောင်းများကြောင့် အပုပ်နံ့များထွက်နေခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ငလျင်လှုပ်ခတ်သည့်အနေ့က အလောင်းများကို ဖြစ်လိုအစဖျောက်ခြင်း၊ အိမ်ယာများမှ ဝန်ထမ်းများဖယ်ပေးရသော်လည်း အကူအညီမရခြင်းစသည့် နေပြည်တော်က သတင်းအမှောင်ချထားမှုများနှင့်ပတ်သက်ပြီး စုံစမ်းသိရှိရသမျှကို ရုပ်သံများနှင့်တကွ တင်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA #MyanmarEarthquake #earthquake #Earthquake2025
Read More
ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဆံရှည်ကျဆုံး

ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဆံရှည်ကျဆုံး

RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်းအခြေစိုက်၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ရဲဘော်ဆံရှည််််သည် မတ်လ ၃၁ ရက် နံနက် ၆ နာရီတွင် စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ #RedNewsAgency #REDNEWS #RNA
Read More
လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။   ကိုတိုင်းကျော်၊ ကိုပြည်ကျော်တို့၏ မွေးသဖခင်ဖြစ်သည့် ဟား (၅) ​ကောင်အဖွဲ့၏ ဖခင်လူရွှင်​တော်ကြီး (စတား) ဦး​ကျော်မိုး (အသက် ၇၅ နှစ်)သည် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ဝပ်အလန်ဘုန်းကြီး​ကျောင်းဇရပ်၌ ဈာပနအခမ်းအနားကျင်းပပြီးနောက် ယနေ့ (ဧပြီလ ၃ ရက်) နေ့လယ်က မဲဆောက်မြို့ရှိ ဝပ်မုတ်ကထန်သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။   #RedNewsAgency #REDNEWS #RNA
Read More
ငလျင်ဘေးသင့်သူများ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေကြရ

ငလျင်ဘေးသင့်သူများ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေကြရ

RNA_ဧပြီ(၂)၊၂၀၂၅ခုနှစ်။   မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ဆင်ကာကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် ကျေးရွာ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေရသည့်အခြေအနေများကိုယနေ့ တွေ့မြင်ခဲ့ရသည်။   ငလျင်ဘေးသင့်သူများအနေဖြင့် လိုအပ်ချက်များစွာရှိသော်လည်း အုပ်ချုပ်ရေးမှူးများက ထိန်းချုပ်ထားကြောင်း၊ ယာယီနေထိုင်သူများကို တစုတစည်းတည်းဖြစ်အောင် လုပ်ဆောင်ပေးမည်ဟု ပြောထားသော်လည်း ယနေ့အချိန်ထိ ကိုယ့်အစီအစဉ်ဖြင့် လုပ်ဆောင်နေထိုင်ကြရသည်ဟု သိရသည်။   #RedNewsAgency #REDNEWS #RNA #Earthquake2025 #Burma #Myanmar #earthquake #Sinkar
Read More
“ရောင်နီ Maryland” ပွဲအတွက် လက်မှတ်ရောင်းရငွေများထဲမှ ကနဦး သိန်း ၁၂၀၀ ကို ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်း

“ရောင်နီ Maryland” ပွဲအတွက် လက်မှတ်ရောင်းရငွေများထဲမှ ကနဦး သိန်း ၁၂၀၀ ကို ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်း

RNA_ဧပြီ(၂)၊၂၀၂၅ခုနှစ်။ အမေရိကန်နိုင်၊ Maryland State မှာ ပထမဆုံး ဖျော်ဖြေပွဲအဖြစ် ပြုလုပ်သွားမည့် လင်းလင်းနှင့် ချစ်သုဝေတို့၏ "ရောင်နီ Maryland" ဖျော်ဖြေပွဲ မကျင်းပမီ လက်မှတ်ရောင်းရငွေများထဲမှ မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကနဦးလှူဒါန်းငွေအဖြစ် ကျန်သိန်း ၁၂၀၀ ကျော်ကို စတင်ပေးပို့နေပြီဖြစ်ကြောင်း Maryland Music Concert ကအသိပေးထားသည်။ လင်းလင်းနှင့် ချစ်သုဝေတို့၏ "ရောင်နီ Live in Maryland 2025" ပွဲကြီးကို ဧပြီလ ၁၂ ရက်နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း၊ ဖျော်ဖြေပွဲမကျင်းပမီ ငလျင်ဒဏ်သင့်ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်အတွက် စတင်ပို့ဆောင်နေပြီဖြစ်သည့်အတွက် ပွဲလက်မှတ်ဝယ်ယူအားပေးထားသူတိုင်း၏ အလှူဖြစ်သည်ဟု အသိပေးမှုတွင် ဖော်ပြထားသည်။ (more…)
Read More
တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းကို ပစ်ခတ်ခဲ့သည်ဟု ဇော်မင်းထွန်းဝန်ခံ

တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းကို ပစ်ခတ်ခဲ့သည်ဟု ဇော်မင်းထွန်းဝန်ခံ

RNA_ဧပြီ(၂)၊၂၀၂၅ခုနှစ်။ တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်တန်း (၉) စီးအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံထားသည်။ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသော ယာဉ်တန်းကို ဧပြီလ ၁ ရက်နေ့ ည ၉ နာရီ ၂၁ မိနစ်ခန့်က မန္တလေးမြို့သို့အသွား နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က စက်လက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နောင်ချိုမြို့သို့ ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့ တစ်လတာ အပစ်ရပ်

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့ တစ်လတာ အပစ်ရပ်

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို တစ်လတာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်လိုက်သည်။ #RedNewsAgency #RedNews #RNA
Read More
ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုအတွင်း ပိတ်မိပြီး ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရပါသည်ဟု ဧပြီလ ၁ ရက်နေ့မှာ အရှင်အာစိဏ္ဏက အသိပေးထားသည်။ (more…)
Read More
လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ CDM အမျိုးသမီးလေးများစသည့် အမျိုးသမီးများ စုဖွဲ့ထားသော Resilient Women's Creative Network အဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံအရောင်းပြပွဲမှ ရောင်းရသမျှငွေအားလုံးကို မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။  Resilient Women's Creative Network အဖွဲ့ဝင်များ၏ လက်မှုပစ္စည်းထုတ်ကုန်များကို Blue Pond Cafe မှာလည်း ဝယ်ယူရရှိသလို ယနေ့ (ဧပြီလ ၁ ရက်) ညနေပိုင်းတွင်လည်း Memories of Maesot မှာပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ရောင်းချမှုများကို မဲဆောက်ရှိ မြန်မာအများစုရှိသော နေရာများတွင် (၃) ရက်တိုင်ပြုလုပ်သွားမည်ဟု မဇာလီက ပြောပြထားသည်။ #RedNewsAgecny #RNA…
Read More
၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ပိတ်မိနေသော အသက် (၆၃) နှစ်အရွယ် အမျိုးသမီးကြီးအား ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်အဖွဲ့က အသိပေးထားသည်။ (more…)
Read More