06
Mar
လုပ်လုပ်ကိုင်သူ တစ်ဦး သေဆုံးခဲ့သည်။ ဖားကန့်မြို့သို့ ၂၀၀၀ ခုနှစ်နောက်ပိုင်း ကျောက် မျက်တူးဖော်ရေး ကုမ္ပဏီများ ဝင်ရောက် လာပြီး ယာဉ်စက် ယန္တရားကြီးများဖြင့် တောင်ကုန်းတောင် တန်းကြီးများတွင် အခိုင်အမာ နေရာယူလျက် စတင်ကျောက်မျက်တူးဖော်ရာမှ ဒေသခံများ မမြင်ဖူးသော တူးဖော်မှုနှင့်အတူ မကြားဖူးသော အစုအပြုံလိုက် လူသေဆုံးမှုများကို တစ်စထက်တစ်စရင်းနှီးလာသည်။ တစ်စထက်တစ်စ ဒေသ၏ ဂေဟစနစ် ချို့ယွင်းလာမှုဆိုးရွားလာခဲ့ပြီး လူတို့၏ လောဘက ဖားကန့်ကို ဝါးမြိုမှု အားကောင်းလာသည့်နောက် ရလဒ်ဆိုးတစ်ခုက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက် နံနက်(၄)နာရီခန့်တွင် ဆန်ခါ မြေစာပုံပြိုကျမှုဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူ လူတစ်ရာနီးပါး အစုအပြုံလိုက် သေဆုံးခဲ့သည်။ ယင်းမတိုင်မီကလည်း ကျောက်မျက်ကုမ္ပဏီများမှ ယမ်းဖောက်ခွဲမှုကြောင့် လွင့်စင်လာသော…