COVID-19

ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူ အများအပြားကို COVID-19 ကာကွယ်ရေးအတွက် COVID-19 Community Centre North Okkalapa (CCCN)က ဒီဇင်ဘာ ၁၃ ရက်နေ့ညနေက Maskများ လိုက်ဝေခဲ့သည်။ ကန်သာယာပြည့်သူ့ပန်းခြံအတွင်း ကလေးလူကြီးအပါအဝင် အပန်းဖြေသူအများအပြားဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်ကြောင်း၊ COVID-19 ကူးစက်မှုသည်လည်း မြောက်ဥက္ကလာပမြို့တွင် ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သိရသည်။ CCCN သည််မြောက်ဥက္ကလာပမြို့နယ်အတွင်း COVID-19 နှင့် ပတ်သက်ပြီး အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ စျေးနှင့်ပန်းခြံတို့တွင် COVID-19 အသိပညာပေးနှင့်ပတ်သက်ပြီး လိုက်လံလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
၂၀၂၀ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှု

၂၀၂၀ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ အလုံးစုံကို ကိုင်တွယ်ဖြေရှင်းတဲ့ ချဉ်းကပ်နည်းကို မတွေ့ရသေးဘဲ တခုချင်းစီကို တကန့်ချင်းစီ လိုက်ဖြေရှင်းနေတဲ့ချဉ်းကပ်နည်းတွေကိုပဲ တွေ့မြင်နေရပါတယ် ကျော်ကိုကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကတော့ တဖြေးဖြေးနီးကပ်လာပါပြီ။တကမ္ဘာလုံးမှာ ခရိုနာကပ်ရောဂါပိုးကျရောက်နေတဲ့အတွက် စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးစတဲ့ အရေးပေါင်းစုံမှာ အခက်အခဲကြုံတွေ့နေရတာကြောင့် ဒီအချိန်ဒီကာလမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု အတော်အားနည်းနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ကျနော်တို့နိုင်ငံမှာလည်း တကျော့ပြန် ကိုဗစ်ဒုတိယလှိုင်းကြောင့် အတည်ပြုလူနာအရေအတွက်နဲ့ သေဆုံးလူနာအရေအတွက် ဒီရေတက်သလို အရှိန်နဲ့ထိုးတက်လာနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ တိုးလာတဲ့လူနာအရေအတွက်ဟာ ဘာကိုပြနေသလဲဆိုရင် ကိုဗစ်ရောဂါပိုးဟာ ထိန်းချုပ်ရခက်ခဲတဲ့ အဆင့်အထိ အလျှင်အမြန်ပြန့်နှံ့နေခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ နောက်မဆုတ်ပေးဘဲ သတ်မှတ်ထားတဲ့ နိုဝင်ဘာမှာ မဖြစ်ဖြစ်အောင် ကျင်းပမယ်လို့ တရားဝင် သတင်းစာရှင်းလင်းပွဲမှာ…
Read More
တရားဟောဆရာ ဒေးဗစ်လားနှင့် ကိုဝေထွန်းတို့ကို ထောင်ဒဏ်သုံးလ ချမှတ်

တရားဟောဆရာ ဒေးဗစ်လားနှင့် ကိုဝေထွန်းတို့ကို ထောင်ဒဏ်သုံးလ ချမှတ်

အောက်ထက် (မင်္ဂလာဒုံ) သြဂုတ်၊ ၆ ရက်။ COVID-19 ကာလအတွင်း လူစုလူဝေး ပြုလုပ်ကာ တရားပွဲ ပြုလုပ်ခဲ့သည့် တရားဟောဆရာ ဒေဗစ်လားနှင့် ကိုဝေထွန်းတို့ကို သြဂုတ်လ ၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ် ၃ လချမှတ်ခဲ့သည်။ Red News Agency
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်က COVID-19 ကာလအတွင်း တန်ဖိုးသင့် ထမင်း/ဟင်း များရောင်းနေ

ရိုက်ကူး၊ ဒီလှိုင်း မကွေး၊ မေ ၁၉ ရက်။ မကွေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်က ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်အရ မေလ ၄ ရက်နေ့ကစတင်ပြီးတော့ မကွေးမြို့ သင်ကြားရေး ဆေးရုံရှေ့မှာ တနင်္လာနေ့ကနေ သောကြာနေအထိ တန်ဖိုးသင့် ထမင်း၊ဟင်းများကို ရောင်းချနေပါတယ်။ "နေ့ခင်းစာအတွက်ရောင်းချပေးတာပါ၊အများကြီးတော့မဟုတ်ဖူး၊လူ၁၀၀စာ လုပ်လာပါတယ်၊ကြက်ဥကလဲ သက်သာတဲ့‌ဈေးနှုန်းနဲ့လတ်လတ်ဆက်ဆက် ကြက်ခြံကထွက်တဲ့ဟာရောင်းတာဖြစ်ပါတယ်၊ခုပါလာ‌တာကတော့ကြက်သားအာလူးချက်၊ငံပြာရည်ဖျော်၊ဘာလချောင်နဲ့တို့စရာသရက်သီးရယ်ပါ၊တပ်နယ်မှာရှိတဲ့တပ်ရင်းအလှည့်ကြလိုက်သင်ကြား‌ရေးဆေးရုံမှာတနင်းလာနေ့မှသောကြာနေ့အထိရောင်းပေးတာပါ။ COVID-19ရောဂါကာလမှာရောဂါကူးစက်မှုမရှိအောင်စနစ်တစ်ကျ ၁ဦးနဲ့၁ဦ း၃‌ပေအကွာဝယ်ယူခိုင်းပါတယ် " ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်၊အမှတ်(၃)တပ်မတော်စစ်သားစုဆောင်းရေးတပ် အုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးသွေးနီထက်က ပြောပါတယ်။Red News Agency
Read More

ဖားကန့်၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ဆိုင်ကယ်ခိုးယူခံရမှု များပြား

တာလင်းမောင် ဖားကန့် ၊ မေ ၁၃ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကြောင့် ညမထွက်ရအမိန့်အပါအဝင် အသွားအလာများ ကန့်သတ်ပြီး လူစုလူဝေးများ ရှောင်ရှားနေရချိန် ယခုလဒုတိယ ပတ်အတွင်း မော်တော် ဆိုင်ကယ်ခိုးယူခံရမှု များပြားလာကြောင်း ဒေသခံများက ပြောသည်။ ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ဆိုင်ကယ်(၆)စီးနှင့် ငှက်ပျောတော ရပ်ကွက်တွင်(၅)စီး၊ မြို့နယ်နှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ခိုးယူခံရမှုများရှိကြောင်း၊ နေ့လည်ဘက် လူမြင်ကွင်းတွင် ရပ်ထားသည့်မော်တော်ဆိုင်ကယ် များအပြင် အချို့ကျေးရွာချင်းဆက်လမ်းများတွင် လူကိုရိုက်၍ဆိုင်ကယ်လုယူသူများလည်း ရှိနေကြောင်း သိရသည်။ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ဖားကန့်အလင်းတန်း စာကြည့်တိုက်ရှေ့တွင် မေလ ၁၀ ရက်နေ့ နေ့လည်က ဆိုင်ကယ်ခိုးယူခံခဲ့ရသူ ဒေါ်အားတူက " ကျွန်မတို့က…
Read More
ကမ္ဘာ့ကပ်ရောဂါ COVID-19  ထက် ဝမ်းရေးခက်နေသူများ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ထက် ဝမ်းရေးခက်နေသူများ

ဖားကန့်၊ မေ ၉ ရက်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရွေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့ ရေမဆေးကျောက်ရှာဖွေနေသူတွေဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ထက် ဝမ်းရေးအတွက် အခက်အခဲတွေကို ဖြေရှင်းနေကြရပါတယ်။ ရိုက်ကူး- ကိုတာ (ဖားကန့်) Red News Agency
Read More
မန်းရွှေစက်တော်ဘုရားကြီးရဲ့ တန်ခိုးကြောင့်ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်

မန်းရွှေစက်တော်ဘုရားကြီးရဲ့ တန်ခိုးကြောင့်ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်

ရိုက်ကူး၊ တည်းဖြတ် – လင်းဆက်အောင် ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့် ဘုရားကြီးရဲ့ တန်ခိုးကြောင့် ဘုရားကြီးရဲ့ အရိပ်အာဝါသာဟာ အလွန်အေးမြတဲ့အတွက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်ဘူးလို့ထင်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက ဥက္ကဌ ဦးဌေးဝင်းက ပြောပါတယ်။Red News Agency
Read More