19
Jan
မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။ အောင်မှူးဝေ မင်းက ငတုံးလား အရာရာကို ဦးနှောက်၊နှလုံးသားနဲ့နားလည်တဲ့လူတစ်ယောက်ဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့စာရေးဆရာရဲ့ စကားတိုင်း ဝါကျတိုင်းကို အမြိုက်အရသာလိုပဲ စွဲမှတ်လက်ခံကြတယ်။ ရာဟုလာသံကိစ္စည်း ပြည်သူဆိုတာ မသေမျိုး။အာဏာနဲ့စည်းစိမ်ကို ကိုးကွယ်ဆည်းကပ်သူတွေက ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ်၊ဘယ်လိုပဲ သတ်ပစ်သတ်ပစ်…