စာပြင်စာတည်း၏ မှတ်စုများ ( ၃)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

ရွှေဦးခက် ကိုးသွယ်ငယ် ရတနာလေ ရွှေဦးခက်။ရွှေဦးခက်=မြင်းအမည်/ မြင်းကိုဖွဲ့ဆိုခြင်း။မြဝတီမင်းကြီးဦးစ မြင်းခင်းသဘင်ဘွဲ့တျာချင်း
တုကျွန်း စသည်…တုကျွန်း(ပေါရာဏ)= အတုမရှိနှည်(ပေါရာဏ)= နှိမ်နင်းသည်မမြော်(ပေါရာဏ)= မမြင်
မြန်/ပေါင်း၊၂၊၁၁၁၊
ဘုရင့်နွားဖြူ
စံပယ်ဖြူဥသဘယဉ်လှငယ် ရှဉ်းစုံရွှေထွန်တော်ကြီးညီးညီးအံ့ရာပုံ။ မြဝတီမင်းကြီးဦးစ
ပြယားငယ်ဝင်သဝဏ်
ဝင်သဝဏ်= ကျောက်မျက်ရွဲခေါ် အဖိုးတန်ကျောက်
ဘုန်းသီတာမိုးရွာဖြိုင်ဆော်ကြိုးဘုန်းသီတာမိုးကန်ဆည်လျှံဖြိုးသီးမျိုးစုံစွာမာလာတည့်သောင်းသောင်း။မြဝတီမင်းကြီးဦးစမြန်/ပေါင်း၊၂၊၁၁၃။

တောင်သမန်
ရိုးညှာရွှေတံမြလျှံရွက်ဝေခြွေကြသောင်းသောင်းကြာနှင့်ကျေးငှက်ပေါင်းကိန္နရာခွေပျောင်းရွှေဒေါင်းကျူးရင့်ရည်တွေကြည်ရှင်းသည်လေမြအင်းငယ် တောင်သမန်…  မြဝတီမင်းကြီးဦးစမြန်/ပေါင်း၊၂၊၁၁၈။
နွေထူးသာလှတယ် နွေထူးသာလှတယ်ရွှေဖူးညှာမြနှယ်မိုးယံမြင့်လယ်ပြိုမယ်ခုတိုင်းမြကြောညိုညိုနှင့်လွမ်းပိုအောင် သာလေညင်းငယ်မှာငွေနှင်းက ဝိုင်း။ ။
မြဝတီမင်းကြီးဦးစမြန်/ပေါင်း၊၂၊၁၁၉။

တိမ်ရှူခင်း
ယုဂန်မှာတိမ်တစ်ပုံကဂဠုန်လိုဝဲ…မယ်ခွေမြန်/ပေါင်း၊၂၊၁၂၃။
စာမေးပွဲ ပျော်ရွှင်မှုဆိုတာဘဝရဲ့ စာမေးပွဲတွေပါလူတိုင်း အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။
အိုင်ဗန်တူရဂေးညက်(ရုရှားစာရေးဆရာ)
ရွှေအင်းဝ(သဖြန်)
ကြည်းရေပြန့်ဘောင်ငွေသောင်နုဆင်း။မြော်လည်းမကုံနှင့်ဇေယဘုံ မြောက်ညာကမဏ္ဍလာမင်တိမ်ပြန့်မှာပန်းရည်သန့်လင်း။  ။
မြဝတီမင်းကြီး ဦးစ
*မြော်လည်းမကုံ= ကြည့်ရှု၍ မကုံ=မဝနိုင်
တောစိမ်းတောနီ( သဖြန်)
လွမ်းဟုန်ကဖြာသုန္ဓရာ မြေမကန်ဖွယ်ငွေနဘံ တောင်ယံသစ်ချိန်မို့နယ်ရှစ်ခွင်တိုင်း။ဖူးစလက်ပံနွေရက်ကယ် မိန်အကျန်မို့တိမ်ဗိတာန် လေပြန်ဝှေ့တယ်ခိုးငွေ့ မြူမှိုင်း ။ ။ မြဝတီမင်းကြီး ဦးစ

သုန္ဓရာ= ရတနာတို့ကို ဆောင်တတ်သောမြေမကန်= မဆံ့နိုင်နဘံ= ကောင်းကင်မိန်(မိန- ပါဠိ)ငါး၊ငါးကြင်းရုပ်ကောင်ဖြင့်မှတ်အပ်သောမိန်ရာသီ
နွေအဆန်း( သဖြန်)
လဲရွှေက ကျံငှက်သံက ညင်း၊မြူခိုးငယ်စီစီနှင့်မှိုင်းဝေရီ ခါနွေဆန်းငယ်ကိုမှုန်ပန်းက သင်း။  ။ မြဝတီမင်းကြီး ဦးစ
သူရကန်
သူရကန္တ( ပါဠိ)= နေမီးမှန်(မှန်ဘီလူး)ကိုလည်း သူရကန်ကျောက် ခေါ်သည်။နေရောင်၌ ၎င်းမှန်ကို ပြလျှင် လောင်စာဟူသမျှမီးတောက်လေသည်။ မြန်/ပေါင်း၊၂၊၁၅၂။ရွှေစာမရီ
ရွှေကား မြတ်သည့်အဓိပ္ပါယ်ဖြင့် အသုံးပြုသောစကားမျိုးဖြစ်သည်။စာမရီမှာ ခြေလေးချောင်းရှိသော သားမျိုးတွင်ပါဝင်သည်။မြီးဆံလှပသော သတ္တဝာဖြစ်သည်။၎င်းအမြီးကိုဟိန္ဒူနှင့်မြန်မာမင်းတို့ သားမြီးယပ်ပြုလုပ်၍ ​မင်းမြောက်တန်ဆာ ငါးပါးတွင်ထည့်သွင်း အသုံးပြုကြသည်။ မြန်/ပေါင်း၊၂၊၁၅၄။

နွေလင့်ရက်ညောင်း(သဖြန်)သာမျိုးငယ်စုံမြရဂုံသီလာနယ်ကနှစ်သွယ်ရေတံခွန်နဲ့စီးဝှန်လဲ့မောင်း။မွန်ဝတ်ကယ် သင်းလှိုင်သည့်စုံဂနိုင်မြိုင်ယံမြင့်ငယ်မှာနွေလင့်ရက်ညောင်း။ မြဝတီမင်းကြီးဦးစမြန်/ပေါင်း၊၂၊၁၅၅။
မြောင်
တောင်ကြား ချောက်လျားရှည်ကို မြောင် ဟု ခေါ်သည်။
မြန်/ပေါင်း၊၂၊၁၅၈။
လောက ကဗျာ
မြန်မာဘာသာသံထောက်ချိုး၊ကျမ်းရိုးနှင့်အလင်္ကါ၊ ၊ညီညွတ်စွာ ကုံးစီဟောတယ်၊လောက ကဗျာ။မာတိကာ၊ကျမ်းလာတဲ့အတိုင်း၊ ၊ဖွေထုတ်ကယ်စီစဉ်လို့၊စကားစဉ် မသွယ်ခဲ့ပြီဘူး၊နည်းချဲ့ကျယ်ဝိုင်း။ စဉ့်ပါဆရာတော်စင်ရော်
ဤငှက်ကို ဇင်ရော် ဇင်ယော်ဟူ၍ တာလုဇ၊တတိယအက္ခရာ ဇ နှင့်ရေးတတ်ကြသည်။စင်္ကောရ စကောရကဟူသောပါဠိဘာသာကို ထောက်၍ စင်ရော်ဟူ၍ တာလုဇပထမအက္ခရာနှင့်ရေးလျှင် သာ၍သင့်လျော်မည်ဟု ဝေါဟာရလီနတ္ထဆရာက သဘောကျသည်။
နှင်းဆီက ယဉ်သဇင်က ပြုံး၊အပွင့်မှာ ပန်တော်ဝင်ပေ့အပင်မှာ ဘယ်အတွက်ကယ်ကြောင့်ဆူးဖက်သတုံး။  ။

ရှေးစာဆို ဦးစံသူ( သက္ကရာဇ်-၁၁၉၉)
နှင်းဆီက နာမြန်မာက နုံးအပွင့်မှာ တော်ဝင်ပေမဲ့မြေသဒ္ဓါမချိုခက်လို့ဆူးဖက်ထာပဲ။ အောင်မှူးဝေ (သက္ကရာဇ်-၁၃၈၂)
ရွှေဘိုဗုံကြီးသံ
လုပ်ရတယ်တဲ့၊ကိုင်ရတယ်၊မောင်ကြီးထွန်ကိုဖြုတ်လျှင်၊ပျိုးနုတ်ရတယ်၊လုပ်ငန်းရယ်တဲ့ မတွင်တာ၊နွားပြာပိန် ချိုလိမ်ကော့က၊အားပျော့လို့ဗျာ၊ထမင်းကညံ့လိုက်တာ၊မသေရုံချဉ်ပေါင်ဟင်း၊တင်းမျိုရရှာ။
ထွာနံငယ် ခမောက်စုတ်နှင့်၊လူလုပ်ကယ်တဲ့ ညံ့လိုက်တာ၊ဆိုးတဲ့ကံဟာ၊မိုးမရွာမြေသာကွဲလို့၊ခနွှဲနဲ့ရေကိုတင်၊ပန်းတဲ့ဖြစ်အင်။
ကောက်ကြီးနှင့်မယ်စောကို၊ရောနှောလို့ပျိုးထောင်၊ ၊သည်ပျိုး ရေအောင်မှ၊မယ်နှင့်မောင် အလှူပေးရမယ်၊မိုးကူပါ့လေး။မြန်/ပေါင်း၊၂၊၁၇၉

တပို့တွဲလဘွဲ့ ညံလို့သာသဲတော့တယ်၊ပေါက်လဲငယ်ပွင့်ရံ၊ထိန်ထိန်ငယ်လျှံသည်၊ဆက်ရက်သံစာစာနှင့်ငှက်ညီလာကျင်းတဲ့လကိုလေး။ဘုံဟေမန်ငယ်၊သင်္ကြန်သွင်းမြဲ၊တပို့တွဲမို့၊မင်းပွဲရွှင်ပျော်၊ယာဂုတော်နှင့်၊ကြွေးကျော်ပြင်ဆင်၊လွမ်းဖို့သာဆင်တော့တယ်၊ကောင်းကင်မြင့်တိမ်ဆီမှာ၊ကြယ်မာဃီ ရောင်စုံကျင်းလို့၊လင်းလှတယ်လေး။ မဟာအတုလမင်းကြီး
၁၃၄၅ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက် ဗုဒ္ဓဟူး၊မနက် ၄:၄၅(၁၅.၂.၁၉၈၄)အောင်မှူးဝေ လူ့လောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ကြယ်မာဃီရောင်စုံကျင်းချိန်၊ငှက်ညီလာခံကျင်းပချိန်၊ပေါက်လဲတို့ နီရဲစွာ…လူထု သောက်မြင်ကတ်စရာ စာပြင်ဆရာကို သူ့အမေကမွေးဖွားပေးခဲ့တယ်။ကျွန်တော်က ကျွန်တော်မွေးတဲ့ နှစ်နဲ့လရဲ့အချက်အလက်ကလေးတွေကို တမြတ်တနိုးစုဆောင်းတဲ့ ဝါသနာရှိပါတယ်။ဘဝအမောပြေပေါ့ဗျာ။

မာရဂင်
မာရဂင်(သက္ကတ)= မဂ္ဂင်
ဗေဆာခီ/ဗေသာခီ(သက္ကတ)= ဝိသာခါနက္ခတ်
သတိပဋ္ဌာန်
သတိပဋ္ဌာန်၊ ပွားများရန်၊ ၃-တန် အင်္ဂါမိန့်။ ။ သတိပဋ္ဌာန်တရားပွားစည်းရေး၌ ဤအင်္ဂါ ၃-ပါးနှင့် ပြည့်စုံစေရမည်။ (၁) အာတာပီ- အကုသိုလ်ပယ်စွန့်ရေး၌ လုံ့လထားခြင်း၊ (၂) သမ္ပဇာန- ဉာဏ်အမြော်အမြင်ကြီးခြင်း၊ (၃) သတိမာ- စွဲမြဲသော သတိ ထားရှိရခြင်း။

သတိပဋ္ဌာန် ၄-ပါး။ ။ သတိစေတသိက်၏ မိမိဆိုင်ရာ အာရုံထဲ၌ လွန်လွန် ကဲကဲ စွဲစွဲမြဲမြဲသက်ဝင် တည်နေရာ ပဋ္ဌာနကြီး ၄-ပါး။ (၁) ကာယာနုပဿနာ သတိပဋ္ဌာန်- ဆံပင် အမွေးစသော ကောဋ္ဌာသ ပညတ်အစုဝယ် အသုဘအခြင်းအရာ အားဖြင့် အထပ်ထပ်ရှုခြင်း၌ မမေ့သော သတိ၊ (၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်- ဝေဒနာအစုကို အဖန်ဖန်ရှုရာဝယ်ဤကား ကာမသုခဝေဒနာçဤကား ဒုက္ခဝေဒနာ,ဤကား ဥပေက္ခာဝေဒနာဟု အထပ်ထပ်ရှုဆင်ခြင်ခြင်း၌ မမေ့အပ်သောသတိ၊ (၃) စိတ္တာနုပဿနာသတိပဋ္ဌာန်- ဤစိတ်ကား ရာဂနှင့် တကွ ဖြစ်သောစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ်ဟု ခွဲခြမ်းလျက် စိတ်အမျိုးမျိုးဖြစ်ပုံတို့၏ မမြဲပုံ အနိစ္စလက္ခဏာကို အခါခါအထပ်ထပ် မပြတ်ရှုသော သတိ၊(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်-အလုံးစုံသော သင်္ခါရက္ခန္ဓာဓမ္မ အပေါင်းသည် အစိုးမရ အလိုသို့မလိုက် အနှစ်မပါ အကာသက်သက် အနတ္တမျှသာဟု ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်အောက်မေ့သော သတိ။
နိဗ္ဗာန်လိုချင်တာ တဏှာမဟုတ်ဘူး။တဏှာက နိဗ္ဗာန်ကို လိုကိုမလိုချင်ဘူး။
-တိပိဋက မင်းကွန်းဆရာတော်ဇောတိကထေရ် ဟောစဉ်

နှင်းငွေ့တစ်ထောင့်…
နှင်းငွေ့တစ်ထောင့်၊မိုးတစ်မှောင့်နှင့်၊စိုးနှောင့်ထပ်အောင်၊အာကာဘောင်ဝယ်…✍ စာဆိုတော် ဦးမင်း၊ဆောင်းဘွဲ့လေးချိုးကြီးမြန်/ပေါင်း၊၂၊၂၀၄။
တြင်းသံသာ(ပေါရာဏ)= သာယာသော နိမိတ်တဘောင်အသံ။မြန်/ပေါင်း၊၂၊၂၀၆။
ကေသျှင် ကေသွယ်မြိတ်သျှင်၊ကေသျှင်မြိတ်သွယ်ဟူ၍ ရှေးစာများ၌တွေ့ရပါမည်။ဆံပင်အမြိတ်ရှည်သွယ်သည်ဟု ဆိုလိုပါသည်။ကေသျှင်သည် မြန်မာစကားမဟုတ်ပါ။ကေသျှ ဟူသော သက္ကတမှဆင်းသက်လာပါသည်။ပါဠိမှာမူ ကေသ/ကေသာ ဟု သုံးပါသည်။
သာမန်အကြောင်းအရာ သာမန်အကြောင်းအရာလေးတစ်ခုကိုပင် စကားအမျိုးမျိုးတို့ဖြင့်တန်ဆာဆင်လိုက်သောအခါ ခမ်းနားလာလေသည်။ သိပ္ပံမောင်ဝ

Red News Agency – ဆက်လက်ဖော်ပြပါမည်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *