Tag: ငြိမ်းစု

  • လရောင်ဆမ်းတဲ့ ည

    လရောင်ဆမ်းတဲ့ ည

    သံလွင်မြစ်ဖက်ခြမ်း ကုန်းစောင်းမှာ ဆောက်လုပ်ထားတဲ့ တပ်ရင်းရုံးဟာ ငြိမ်သက်လွန်းလှတဲ့ ညရဲ့အမှောင် ထုအောက်မှာ အလင်းမဲ့နေတယ်။ ကုန်းမို့မို့လေးပေါ်မှ မြောက်ဖက်ကုန်းစောင်းမှာ ဆောက်ထားသော စားဖို ဆောင်ဖက်ကို အနီးငယ်ဆင်းလိုက်တော့ စားဖိုဆောင်ထဲတွင် မီးရောင်တွေ့လို့ ဆက်ဆင်းသွားလိုက်တယ်

    ငြိမ်းစု

    ညဟာ သဘာဝရဲ့နောက်ခံ ပန်းချီကားတချပ်လို တည်ငြိမ်လွန်းလှပေါ့။ အပြင်းစား ရောခ်တေးဂီတ တပုဒ်လို တဝေါဝေါ စီးဆင်းနေတဲ့ သံလွင်မြစ်ရေစည်းသံနဲ့အတူ လရောင်ဟာ စည်းချက်ညီစွာ သံလွင်မြစ်ရေပြင်ထက်တွင် လှုပ်ခတ်လွန့်လူးလို့နေတယ်။ တပ်ရင်းကုန်း မြစ်ကမ်းပါးအစွန်းမှာ ထိုင်ရင်း ကျနော့် နှလုံးသွေးကို ဆူပွတ် ပူလောင်စေတဲ့ အတွေးများကို တွေးနေရင်း …

    တချိန်တည်းမှာ အသိတရားရဲ့ဖမ်းဆီးထိမ်းသိမ်းခြင်း ခံလိုက်ရတဲ့ နာကျင်ခံစားမှုတွေကို အသံတိတ် အော်သည်းတမ်းတနေမိတယ်။

    လရောင်ဟာ

    သံလွင်မြစ်နဲ့အတူ ကခုန်နေပြီး

    ညဟာ တည်ငြိမ်စွာ

    ငေးမောကြည့်ရင်း နှုတ်ဆိတ်နေလေတော့

    ဝိညာဉ်တွေ ပူးကပ်နေတဲ့ ငါဟာ …

    ဝံပုလွေ တကောင်လို

    နာကျင်စွာ ဟိန်းဟောက်နေမိတယ်။

    ဘားတိုက်အတွင်းမှာ ရဲဘော်တချို့ ဆီမီးခွက်အလင်းရောင်ကိုအားပြု၍ စာဖတ်နေကြတယ်။ တပ်ရင်းရဲ့ ”လေ့လာရေးစင်မြင့်ပေါ်သို့” ဆိုတဲ့ ကြွေးကြော်သံအောက်မှာ သူတို့ရဲ့ကိုယ်ပိုင်တွေးခေါ်မှုကို ထက်မြက်သည်ထက်ထက်မြက်အောင်သွေးနေကြတာပေါ့။

    (more…)

  • မေတ္တာနှောင်ကြိုး

    မေတ္တာနှောင်ကြိုး

    သောကတွေ ပွေ့ပိုက်ထားတဲ့ ကျမ ည’ညဆို အိပ်လို့ မရ၊ ခွေးဟောင်သံကြားတိုင်း ထ’ထကြည့်ရ၊ ငါ့များ လာဖမ်း သလားပေါ့။ ဒီကြားထဲ သူ့အတွက် စိတ်ပူရ၊ သူ့အဖေက သူ့သားအတွက် ဂုဏ်ယူ မဆုံးပေါ့

    ငြိမ်းစု

    ကျမတို့ အိမ်ထောင်သက်တမ်း သုံးနှစ်ကျော် လေးနှစ်နည်းပါးမှာ သူအိမ်ကပျောက်သွားတယ်။ တခါတုံးက သူကို နိုင်ငံရေး လုပ်လို့ လာဖမ်းကြတော့ ကျမ ရှိနေတယ်။ သူ့ကို လာဖမ်းကြစဉ်က ကျမတို့ အိမ်ထောင်သက် တနှစ်ခွဲဘဲ ရှိသေးတယ်။ ခဏဆိုပြီး ခေါ်သွားလိုက်တာ တနှစ်ကျော်မှ အိမ်ပြန် ရောက်လာတယ်။ ၉၀ ရွေးကောက်ပွဲပြီးတော့ တခါ ပြေးရ ပုန်းရ ပြန်တယ်။ ကျမ နောက်ဆုံး သူ့ကို တွေ့လိုက်ရတာက ဂန္ဒီအစည်းအဝေး မတိုင်ခင် တရက်က ဖြစ်ပါတယ်။

    အခုလည်း ကျမ ကွယ်ရာမှာ အဖမ်းများ ခံရပြန်ပြီလား၊ ရဲစခန်း သွားမေးတော့လည်း မရှိ၊ ထောင်ထဲလည်း မရောက်၊ ဆေးရုံမှာလည်း မတွေ့၊ ကျမ ခေါင်းတွေ ဝေသွားတယ်။ နောက် နှစ်လ၊ သုံးလလောက်ကြာမှ သူတယောက် ကျောင်းသား တပ်မတော်ကို ရောက်နေ တာ သိရတယ်။ ဘယ်နေရာ ဘယ်ဒေသ မှန်းလည်း မသိ၊ သူ ရှိနေတာကို သိရတော့ ကျမ အတွက် စိတ်အနည်းငယ် သက်သာ သွား တယ်။

    ဒါပေမယ့် “ဘယ်အချိန်များ ငါ့လာပြီး စစ်ဆေး မေးမြန်း မလည်း” အတွေးစိတ်နဲ့ မန္တလေးက အမေ့အိမ် ပြန်ခဲ့ရတယ်။

    သောကတွေ ပွေ့ပိုက်ထားတဲ့ ကျမ ည’ညဆို အိပ်လို့ မရ၊ ခွေးဟောင်သံကြားတိုင်း ထ’ထကြည့်ရ၊ ငါ့များ လာဖမ်း သလားပေါ့။ ဒီကြားထဲ သူ့အတွက် စိတ်ပူရ၊ သူ့အဖေက သူ့သားအတွက် ဂုဏ်ယူ မဆုံးပေါ့။ ၂ နှစ်လောက်ကြာတော့ သူတိုက်ပွဲမှာ ဒဏ်ရာရတယ် ကြားတယ်။ ကျမ နှလုံးသား ပြုတ်ထွက် မတတ် တုံခါသွားတယ်။

    (more…)

  • ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်မျာ

    ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်မျာ

    စစ်သားများကလည်း သေနတ်များ ပစ်ဖေါက်ကာ လူအုပ်ကြီးကို ၀င်ရောက် ဖြိုခွင်းတော့တယ်။ သေနတ်ပြောင်းနှင့် အထိုးခံရသူများ၊ ခြေနှင့် အကန်ခံရသူများ၊ အဖမ်းခံရသူများ အများအပြားရှိသလို ကလေးသူငယ်များအား နည်းရာ အိမ်များက ခေါ်ယူ ထိမ်းသိမ်းပေး ထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြ လွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံများ ဆူညံနေချိန်၊ ပန်းခွေများဖြင့် ချီတက်နေသူ ကျောင်းသူ လေးဦးမှာ သေနတ်သံများကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျောမှ သူတို့အား ပစ်မည်ဆိုလျင် သူတို့ ထိုလမ်းမကြီးပေါ်တွင် အသေခံသွားမည့် စိတ်ဓါတ်ဖြင့်

    ငြိမ်းစု

    ဒီနေ့ မနက်ဟာ ခါတိုင်းနေ့တွေနဲ့ မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ် သွားလာသူက နှစ်ယောက် သုံး ယောက်၊ လမ်းမပေါ်မှာလည်း ကား မပြောနဲ့ ဆိုက်ကားတောင် မတွေ့ရဘူး။ တမြို့လုံး တိတ်တိတ်လေး ကြေကွဲနေကြတယ်။ ဟုတ်တယ် ဒီနေ့ဟာ ဒီမြို့လေး တမြို့တည်းအတွက် ၀မ်းနည်း ကြေကွဲဘွယ် နေ့တနေ့ မဟုတ် မြန်မာ တနိုင်ငံလုံးအတွက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ အာဇာနည်များ အသက်ပေးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ဖြစ်တယ်။

    တခဏအတွင်းမှာ ခြောက်သွေ့နေတဲ့ လမ်းမကြီးပေါ်မှာ အဖြူ အစိမ်း၀တ်ထားတဲ့ ကျောင်းသားကျောင်းသူများ စုဝေးရောက် ရှိလာကြသလို၊ လမ်းဘေး ပလက်ဖေါင်းပေါ်မှာလည်း ပြည်သူတွေ ပြည့်နက်သွားတယ်။ လေးယောက်တတန်း တန်းစီထားတဲ့ ကျောင်းသားကျောင်းသူများဟာ အရာရာကို ရင်ဆိုင်ကျော်လွှားဘို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

    ရှေ့ဆုံးမှာ ပန်းခွေ နှစ်ခွေကို ကိုင်ဆောင်ထားတဲ့ အလယ်တန်း ကျောင်းသူကလေး လေးဦး၊ သူတို့နောက်မှာတော့ မူလတန်း ကျောင်းသားကျောင်းသူလေးများက စလို့ အလယ်တန်း အထက်တန်းနှင့် ကောလိပ် ကျောင်းသားကျောင်းသူများ အဆုံးပေါ့။ အားလုံးရဲ့ ထိပ်ဆုံးမှာတော့ သတ်ရင်လည်း အသေခံ၊ ဖမ်းရင်လည်း အဖမ်းခံပြီး မိမိတို့ လိုရာခရီး အတွက် ရင်ဆိုင်ဖြေရှင်းမယ့် ကျောင်းသားတယောက် သူ့လက်ထဲမှာက ဗိုလ်ခင်ညွန့်ရဲ့ အာဇာနည်များအား လွတ်လပ်စွာ ဂါရ၀ ပြုခွင့် ပြုသည်ဟူသော တရား၀င်ထုတ်ပြန်ချက်ပါသည့် သတင်းစာ တစောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

    (more…)