RNA Editor

124 Posts
စစ်အုပ်စုက ၎င်းတို့မထိန်းချုပ်နိုင်သည့် (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ထပ်တိုး

စစ်အုပ်စုက ၎င်းတို့မထိန်းချုပ်နိုင်သည့် (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ထပ်တိုး

■ ကျောက်မဲ၊ သီပေါနှင့် ငါန်းဇွန်တို့ကို စစ်အုပ်ချုပ်ရေး ပယ်ဖျက် RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များအပါအဝင် တိုင်းနှင့် ပြည်နယ် (၈) ခုက မြို့နယ်ပေါင်း (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ရက်ပေါင်း (၉၀) ထပ်တိုးကြောင်း အောက်တိုဘာ (၁၈) ရက်တွင် စစ်အုပ်စုက ထုတ်ပြန်လာသည်။ စစ်အုပ်စုချုပ်ရေးသက်တမ်းထပ်တိုးထာသည့် မြို့နယ်များတွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်များလည်းပါဝင်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးမတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်၊ မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့နယ်တို့လည်း ပါဝင်နေသည်။ UWSA နှင့် NDAA တို့သည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်နေသည့် အဖွဲ့များလည်း…
Read More
ပညာရေးဆိုင်ရာ တောင်းဆိုချက်မှ ကုန်ဈေးနှုန်းကြီးမြင့်မှုအထိ ကျယ်ပြန့်လာသည့် ပြင်သစ်ဆန္ဒပြပွဲများ

ပညာရေးဆိုင်ရာ တောင်းဆိုချက်မှ ကုန်ဈေးနှုန်းကြီးမြင့်မှုအထိ ကျယ်ပြန့်လာသည့် ပြင်သစ်ဆန္ဒပြပွဲများ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ ပြင်သစ်နိုင်ငံ၌ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဆန္ဒပြမှုများ ကြုံတွေ့နေရပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တင်းမာမှုများသည် ပိုမိုမြင့်လာနေသည်။ အောက်တိုဘာ (၁၇-၁၈) ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း (၂၄၀၀) ကျော်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက်များဖြင့် ဆန္ဒပြမှုများသည် ယခု အောက်တိုဘာလဆန်းပိုင်းကတည်းက အရှိန်မြင့်တက်လာပြီးနောက် ပါရီ၊ မာဆေးလ်နှင့် လိုင်ယွန်မြို့များသို့လည်း ဆန္ဒပြပွဲများ ကူးစက်သွားကာ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပဋိပက္ခများနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်မှု အခြေအနေ ဆိုးရွာနေခြင်း ဖြစ်သည်။ အောက်တိုဘာ (၁၇) ရက်က ဆန္ဒပြပွဲများ၌ စူပါးမားကတ်များနှင့် စတိုးဆိုင်များ ဖျက်ဆီးခံရပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များကိုလည်း…
Read More
စစ်အုပ်စုနှင့်ပူးပေါင်းသွားသည့် လီဆူတပ်ဖွဲ့အနေဖြင့် ပြည်သူအပေါ် ဖိနှိပ်မှုလုပ်ဆောင်ပါက အရေးယူမည်ဟု TNLA ပြော

စစ်အုပ်စုနှင့်ပူးပေါင်းသွားသည့် လီဆူတပ်ဖွဲ့အနေဖြင့် ပြည်သူအပေါ် ဖိနှိပ်မှုလုပ်ဆောင်ပါက အရေးယူမည်ဟု TNLA ပြော

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ် မန္တလေးတိုင်း မိုးကုတ်မြို့၌ လုံခြုံရေးတာဝန်ယူခဲ့သည့် လီဆူလက်နက်ကိုင်တပ်ဖွဲ့ဝင်များ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်မှုသည် တပ်ဖွ့ဝင်တိုင်း လိုက်နာရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်လာသည်။ ဦးဂူဆီ ဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင် (၅၀) ကျော်သည် လက်နက်ခဲယမ်း (၅၀) ဝန်းကျင်နှင့်အတူ အောက်တိုဘာ (၁၃) ရက်က မြန်မာစစ်ကောင်စီ (စစ်အုပ်စု) ထံ ဘက်ပြောင်းဝင်ရောက်သွားခြင်းကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အဖွဲ့အစည်းနှင့် ကင်းကွာသွားပြီးဖြစ်ကြောင်း အသိပေးထားသည်။ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရာက်သွားသည့် လီဆူတပ်ဖွဲ့၏ လှုပ်ရှားမှုများကို PSLF/TNLA က အမြဲမပြတ် စောင့်ကြည့်သွားမည်ဟု ပြောကြားထားပြီး ပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ…
Read More
မဲဆောက်မြို့၌ စီမံချက်ဖြင့် ဖမ်းဆီးခံရမှုအတွင်း လက်နက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားလုပ်သူများလည်း ပါဝင်နေ

မဲဆောက်မြို့၌ စီမံချက်ဖြင့် ဖမ်းဆီးခံရမှုအတွင်း လက်နက်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားလုပ်သူများလည်း ပါဝင်နေ

NA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့အတွင်း စီမံချက်ဖြင့် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ချိန် အထောက်အထားမဲ့ မြန်မာများအပါအဝင် မူးယစ်ဆေးဝါး၊ လက်နက်ကိုင်ဆောင်သူများနှင့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၁၇ ရက်) ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်း၌ အရုဏ်ဦးစစ်ဆင်ရေး စီမံချက်ဖြင့် တရားမဝင် နေထိုင်သူများနှင့် ရာဇဝတ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိုင်းရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များက ပူးပေါင်းဆောင်ရွက်ချိန် မူးယစ်ဆေးဝါးနှင့် လက်နက်များအပြင် အခြားနိုင်ငံခြားသားများကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များ၏ ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများအတွင်း မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ (၈) ဦးကို ၎င်းတို့နှင့်အတူ ယာဘဆေးပြား (၂၀) ပြားနှင့် ဘိန်းဖြူ (၉ ဒသမ ၃၁) ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်နှင့်…
Read More
ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၁၂) ဦးထက်မနည်း သေဆုံး

ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၁၂) ဦးထက်မနည်း သေဆုံး

RNA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း ရေစကြိုမြို့နယ်မြောက်ဘက် သစ်ကြီးတောရွာနှင့် အနီးဝန်းကျင်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် (၁၂) ဦး သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းပြန်ကြားရေးကော်မတီက ဖော်ပြထားသည်။ အောက်တိုဘာ (၁၆) ရက် နေ့လည် (၂) နာရီဝန်းကျင်က သစ်ကြီးတောရွာနှင့် အနီးတဝိုက်ကို စစ်အုပ်စုက အသေခံဒရုန်းများအပါအဝင် ဂျက်ဖိုက်တာလေယာဉ် (၂) စီး၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် (၂) စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကြောင့် သစ်ကြီးတောရွာအတွင်းရှိ စတားလင့် အင်တာနက်အသုံးပြုသည့် ဆိုင်အနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အနိးဝန်းကျင်ရှိ ကလေးများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၂) ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ…
Read More
မွန်-ကရင်အစပ် ထိတွေ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မွန်-ကရင်အစပ် ထိတွေ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

RNA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီး၌ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် (RMA) က အောက်တိုဘာ (၁၆) ရက်တွင် ထုတ်ပြန်ထားသည်။ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်အုပ်စု အမှတ် (၃၁၈) အမြောက်တပ်ရင်းမှ စစ်အုပ်စုတပ်ဖွဲ့များသည် အဘစ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာကို ဆက်သွယ်ထားသည့် ကားလမ်းမတစ်လျှောက် စစ်ကြောင်းထိုးလာချိန် ပုလိန်မြို့နယ်အနီး၌ ထိတွေ့တိုက်ပွဲ (၃) ရက်ဆက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မွန်နှင့် ကရင်ပြည်နယ်အစပ် ပုလိန်ကျေးရွာအနီး၌ အောက်တိုဘာ (၁၂) ရက်မှ (၁၄) ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများလည်း လုပ်ဆောင်ခဲ့ကြောင်း၊…
Read More
အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၆ခုနှစ်။ အိန္ဒိယနိုင်ငံအခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှုကွန်ရက် (ကျားဖြန့်) ကြောင့် အမေရိကန်နိုင်ငံသားများ ဒေါ်လာသန်း (၅၀) ကျော် ဆုံးရှုံးခဲ့ရပြီးနောက် ဒေသ (၂) ခုရှိ ကျားဖြန့်စင်တာများကို ဝင်ရောက်စီးနင်ခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ဖော်ပြချက်ကို ကိုးကားပြီး The Diplomat သတင်းဌာနက အောက်တိုဘာ (၆) ရက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်က အိန္ဒိယ၏ ဒုတိယအကြီးဆုံးမြို့ ပွန်နေ (Pune) နှင့် ပတိအာလာ (Patiala) ရှိ Call Center (၃) နေရာကို အိန္ဒိယရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျားဖြန့်လုပ်ကိုင်နေသူ (၂၂၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း…
Read More
လှိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေး ပိုက်ဆံကောက်ယူမှုနှင့် စားသုံးဆီ အလွဲသုံးစားမှုများ ပြုလုပ်နေ

လှိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေး ပိုက်ဆံကောက်ယူမှုနှင့် စားသုံးဆီ အလွဲသုံးစားမှုများ ပြုလုပ်နေ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၆ခုနှစ်။ ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် (၁၅) ရပ်ကွက်နှင့် (၁၆) ရပ်ကွက်တို့အပါအဝင် စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က ပြည်သူများ၏ စားသုံးဆီစာအုပ်များကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် စစ်မှုထမ်းကြေး အဓမ္မပိုက်ဆံကောက်ခံခြင်းများ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင်နေကြောင်း ရပ်ကွက်နေပြည်သူအချို့ထံက သိရသည်။ အမှတ် (၁၅) ရပ်ကွက်ရှိ ပြည်သူများ၏ စားသုံးဆီစာအုပ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဇနီးက အလွဲသုံးစားမှုများရှိနေချိန် စားသုံးဆီစာအုပ်စာရင်းနှင့် အချက်အလက်များကို လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အောက်တိုဘာ (၁၃) ရက်တွင် လာရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း၊ အချက်အလက်များ မှားယွင်းနေသော်လည်း အမှန်အတိုင်းမပြောရန် အုပ်ချုပ်ရေးမှူး၏ ဇနီးက ကြိုတင်တားမြစ်မှုများရှိခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။ “လှိုင်မြို့နယ် ထွေအုပ်ကနေပြီးတော့ ဆီစာအုပ်တွေ၊ နာမည်မှန် မမှန်ဆင်းစစ်တယ်၊…
Read More
မိုးကောင်းမြို့နယ်၌ စစ်အုပ်စု အထိုင်ချစခန်းများနှင့် စစ်ကြောင်းများကြောင့် ဒေသခံများ သွားလာရေးနှင့် စိုက်ပျိုးရေး အခက်အခဲကြုံနေရ

မိုးကောင်းမြို့နယ်၌ စစ်အုပ်စု အထိုင်ချစခန်းများနှင့် စစ်ကြောင်းများကြောင့် ဒေသခံများ သွားလာရေးနှင့် စိုက်ပျိုးရေး အခက်အခဲကြုံနေရ

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စုအတွင်း၌ စစ်အုပ်စုစစ်ကြောင်းများ အထိုင်ချတပ်စွဲထားပြီး ဒေသခံပြည်သူအချို့ကို ဖမ်းဆီးနှိပ်စက်မှုများကြောင့် ခရီးသွားလာရေးနှင့် စိုက်ပျိုးရေးအခက်အခဲကြုံနေရကြောင်း မိုးကောင်းဒေသခံတစ်ဦးထံက သိရသည်။ ရွှေဘို-မြစ်ကြီးနား ကားလမ်းမနှင့် ရထားလမ်းမအနီးတို့၌ရှိသည့် ဆားမှော်ရွာ၊ ထီးချိုင့်ရွာနှင့် ကညင်မြိုင်ရွာတို့၌ စစ်အုပ်စုတပ်ဖွဲ့များနှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တို့ တစ်လနီးပါး အထိုင်ချတပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံပြည်သူများ အခက်အခဲကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။ “သူတို့က ဆားမှော်၊ ထီးချိုင့်နဲ့ ကညင်မြိုင်ရွာတွေမှာ အထိုင်ချတပ်စွဲထားတာ။ SNA အဖွဲ့လည်းရှိတယ်။ ထီးချိုင့်က အိမ်ခြေ (၁၅၀) လောက်ပဲရှိတာ။ ရွာအပြင်ထွက်ရင် လက်မှတ်ထိုးထွက်ရတယ်။ ပြီးတော့ စပါးရိတ်ရမယ့်အချိန် သူတို့က ခွင့်မပြုတော့ ရိတ်သိမ်းလို့ရမ ဖြစ်နေတာ” ဟု မိုးကောင်းဒေသက Red…
Read More
စစ်အုပ်စုကို နေရာမပေးဘဲ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦး တိုက်တွန်း

စစ်အုပ်စုကို နေရာမပေးဘဲ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦး တိုက်တွန်း

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြိး မိုက်ဝေါ့ဇ် (Mike Waltz) ထံ အောက်တိုဘာ (၁၄) ရက်က စာရေးသားပေးပို့ တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်နိုင်ရန် စစ်အုပ်စုက ကြိုးပမ်းလာမှုအား အသိအမှတ်မပြုရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက မြန်မာ့ကိုယ်စားလှယ် ခန့်အပ်မှုနှင့်ပတ်သက်၍ ရွှေ့ဆိုင်းထားမှုအား လက်ရှိအတိုင်း ဆက်လက်ထားရှိရန် တောင်းဆိုထားခြင်း ဖြစ်သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုခဲ့သူများသည် အမေရိကန်လွှတ်တော်၏ မြန်မာ့ရေးရာအဖွဲ့ (Congressional…
Read More