RNA Editor

124 Posts
NCA ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိတော့ကြောင်း RCSS ပြော

NCA ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိတော့ကြောင်း RCSS ပြော

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ပြီး ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်နိုင်ခြင်း မရှိတော့ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့ (အောက်တိုဘာ ၁၅ ရက်) ထုတ်ပြန်ပြောကြားထားသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိသည့် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် (၁၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၌ RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး NCA အပေါ် ပြည်သူလူထုက ယုံကြည်မှု ကျဆင်းနေကြောင်းလည်း ပြောကြားထားသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NCA အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်လည်း…
Read More
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကင်မ်၏တောင်းဆိုစာကို စစ်အုပ်စုသံရုံးက လက်မခံ

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကင်မ်၏တောင်းဆိုစာကို စစ်အုပ်စုသံရုံးက လက်မခံ

RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ နေပြည်တော်၌ မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် သားဖြစ်သူ ကင်မ်အဲရစ်က ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ စစ်အုပ်စုလက်အောက်ခံ သံရုံးသို့ စာပေးပို့တောင်းဆိုခဲ့သော်လည်း လက်မခံကြောင်း ကင်မ်အဲရစ်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူနှင့် (၅) နှစ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသည့် ကင်မ်အဲရစ်က ၎င်းအနေဖြင့် မိခင်ဖြစ်သူကို ပြန်လည်မြင်တွေ့ခွင့်ရလိုကြောင်းနှင့် စကားပြောခွင့်ရလိုကြောင်း အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း စစ်အုပ်စုဘက်မှ ငြင်းပယ်နေခြင်း ဖြစ်သည်။ “ပရာ့ဂ်မြို့မှာ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မင်းအောင်လှိုင်ထံ တောင်းဆိုထားတဲ့စာကို မြန်မာသံရုံးကတစ်ဆင့် ပေးပို့ဖို့ ကျွန်တော် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က စာကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်”ဟု…
Read More
ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ်သူများထဲတွင် မြန်မာ (၁) ဦးပါဝင်နေ၊ ပိုင်ဆိုင်မှု ဘတ်သန်း (၅၀၀) ကျော် သိမ်းဆည်းရမိ

ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ်သူများထဲတွင် မြန်မာ (၁) ဦးပါဝင်နေ၊ ပိုင်ဆိုင်မှု ဘတ်သန်း (၅၀၀) ကျော် သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး (ACSC) နှင့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တို့၏ ယနေ့ (အောက်တိုဘာ ၁၃ ရက်) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား (၁) ဦးအပါအဝင် အွန်လိုင်းငွေကြေးလိမ်လည်သူ (၃၉) ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များက ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဆမွတ်ပရာကန်၊ ဆာရာဘူရီ၊ ဆင်ဘူရီ၊ နာခွန်ပတ်ဟွန်၊ ချွန်ဘူရီ၊ ကလာဆင်၊ နာရာထီဝတ်နှင့် ရနောင်းတို့ရှိ နေရာ (၂၇) ခုကို ဝင်ရောက်စီးနင်းချိန် အွန်လိုင်းငွေကြေးလိမ်လည်သူများကို ဘတ်သန်း (၅၀၀) ကျော်တန်ဖိုးရှီ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသူများထဲတွင် ထိုင်းနိုင်ငံသား (၃၀)ဦး၊ တရုတ်နိုင်ငံသား…
Read More
လူကုန်ကူးခံရပြီး ဖိအားပေးခိုင်းစေခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်

လူကုန်ကူးခံရပြီး ဖိအားပေးခိုင်းစေခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သံသယရှိသည့် နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လူကုန်ကူးခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြထားသည်။ အရွယ်မရောက်သေးသည့် မြန်မာကလေးငယ်များအား လူကုန်ကူးခဲ့သည့် သံသယရှိသူ (၄) ဦးကိုလည်း ခရိုင်စီမံခန့်ခွဲရေးဌာန (DOPA) နှင့် အထူးရဲတပ်ဖွဲ့များက ဖမ်းဆီးထားပြီး မြန်မာကလေးငယ်များကို တရားမဝင်လမ်းကြောင်းမှတဆင့် ဘန်ကောက်သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဘန်ကောက်နှင့် အနီးဝန်းကျင်မြို့များရှိ ကမ္ဘာလှည့်ခရီးသည် အများအပြားရှိရာနေရာများသို့ မြန်မာကလေးငယ်များကို အတင်းအဓမ္မစေလွှတ်ပြီး ပန်းရောင်းခိုင်းခြင်း၊ အစားအစာနှင့် သောက်သုံးရေများ ရောင်းခိုင်ခြင်းတို့ကို ညနေအစောပိုင်းမှစတင်ကာ နံနက် (၄) နာရီအထိ ဖိအားပေး ခိုင်းစေမှုများရှိခဲ့ကြောင်း…
Read More
ယခုနှစ်တွင်း တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် စစ်မှုထမ်းတပ်သားသစ် (၃၀၀) ကျော် ပါဝင်နေ

ယခုနှစ်တွင်း တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် စစ်မှုထမ်းတပ်သားသစ် (၃၀၀) ကျော် ပါဝင်နေ

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဘက်ပြောင်းအလင်းဝင်လာသူ စုစုပေါင် (၁၀) လအတွင်း (၁၆၇၃) ဦးအထိရှိခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် (၃၄၀) ဦးပါဝင်ကြောင်း ပြည်သူ့ရင်ခွင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ပထမပတ်အထိ တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း (၁၁၉၃) ဦးအထိရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးလာသူ (၄၈၀) ဦးအထိရှိကြောင်း သိရသည်။ ၎င်းတို့အထဲတွင် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း လအလိုက် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအရေအတွက်သည် ဇွန်လအတွင်းက (၄၂၃) ဦးအထိ အများဆုံးရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း ကချင်ပြည်နယ် ရွှေကူမြို့နယ်…
Read More
ပုလောမြို့နယ် မကျည်းကုန်းရွာရှိ စစ်အုပ်စုကင်းစခန်းကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်

ပုလောမြို့နယ် မကျည်းကုန်းရွာရှိ စစ်အုပ်စုကင်းစခန်းကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်

RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ပုလော (လယ်မူလား) မြို့နယ် မကျည်းကုန်းရွာအနီးရှိ စစ်အုပ်စုကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ယနေ့ (အောက်တိုဘာ ၁၂ ရက်) ထုတ်ပြန်ထားသည်။ ပုလော-မြိတ် ကားလမ်းမပေါ်ရှိ မကျည်းကုန်းရွာအနီး၌ အထိုင်ချတပ်စွဲထားသည့် စစ်အုပ်စု အမှတ် (၂၈၅) ခြေလျင်တပ်ရင်းကို KNLA ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်း (၇) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံမှ MA1 (၁) လက်၊ MA3(၁)လက်၊ OG(၁)လက်၊ AK(၁)လက်,…
Read More
ဥပုသ်နေ့၌ မဟာစည်ဘုန်းကြီးကျောင်းကို စစ်အုပ်စုဗုံးကြဲ၊ စစ်ဘေးရှောင် (၂) ဦး သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရ

ဥပုသ်နေ့၌ မဟာစည်ဘုန်းကြီးကျောင်းကို စစ်အုပ်စုဗုံးကြဲ၊ စစ်ဘေးရှောင် (၂) ဦး သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ သမိုင်းဝင် မဟာစည်ဘုန်းကြီးကျောင်းအား စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၂) ဦး သေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာ (၁၁) ရက်တွင် ထုတ်ပြန်ထားသည်။ မဟာစည်ဆရာတော်ဘုရား သီတင်းသုံးခဲ့သည့် ဆိပ်ခွန်ရွာရှိ ဘုန်းကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ အောက်တိုဘာ (၁၁) ရက် နံနက် (၁၁) နာရီ (၄၀) မိနစ်ဝန်းကျင်၌ ဥပုသ်သီလယူနေချိန် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆိပ်ခွန်ရွာဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက မဟာစည်ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး…
Read More
မြန်မာ့နွေဦးသပိတ်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် ကိုနန်းလင်းတို့ ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာဆု ချီးမြှင့်ခံရ

မြန်မာ့နွေဦးသပိတ်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် ကိုနန်းလင်းတို့ ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာဆု ချီးမြှင့်ခံရ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ကိုနန်းလင်းတို့ကို ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ကြောင်း Forum 2000 ဖောင်ဒေးရှင်းက အောက်တိုဘာ (၁၁) ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာဆုရရှိသူများထဲတွင် ၂၀၂၅ ဒီဇင်ဘာလအတွင်းက စစ်အုပ်စု၏ မတရားဖမ်းဆီးမှုကို ခံထားရပြီး ၂၀၂၆ ဇန်နဝါရီလအတွင်း၌ ထောင်ဒဏ် (၃၇) နှစ် ချမှတ်ခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုထက်မြက်အောင်လည်း ပါဝင်ခဲ့သည်။ ယခုကဲ့သို့ Forum 2000 နိုင်ငံတကာဆု ချီးမြှင့်ခံရမှုသည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စု ဆန့်ကျင်ရေး၌…
Read More
မြန်အောင်ဆည် ကျိုးကျနိုင်သဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းပေးနေ

မြန်အောင်ဆည် ကျိုးကျနိုင်သဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းပေးနေ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် မြင်ဝါးတောင်ရွာအနီးရှိ မမြဆည် (မြန်အောင်ဆည်) မျက်နှာပြင်၌ အက်ကြောများ ဖြစ်ပေါ်ပြီး ရေလှောင်တမံထိန်း ဆင်ခြေလျှောမြေသားများ နိမ့်ကျပြိုကျများမှုကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများကို နေရာရွှေ့ပြောင်းနေကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ မြန်အောင်ဆည် တမံထိန်း မြေသားများ နိမ့်ကျပြိုကျမှုသည် အောက်တိုဘာ (၇) ရက်နေ့ကတည်းက စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၉) ရက်နေ့အထိ မြေပြိုကျမှုများ ရှိနေခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ စိုးရိမ်ရသည့်အခြေအနေကြောင့် ဒေသတာဝန်ရှိသူများက ရေပိုလွှဲရေ ထုတ်လွှတ်မှုနှင့် တမံမြေသားများအား ထိန်းသိမ်းနိုင်ရး လုပ်ဆောင်နေကြောင်း သိရသည်။ မြန်အောင်ဆည် ကျိုးကျနိုင်သည့်အခြအနေအပေါ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဆည်အနီးဝန်းကျင်ရှိ စမ်းရွာကြီးရွာ၊ ဥယျာဉ်ကွင်းရွာ၊ မရွေးကုန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ငါးဘတ်ကျရွာနှင့်…
Read More
စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။ စစ်အုပ်စုအတွက် ရေနံနှင့် လောင်စာဆီများ တင်သွင်းပေးနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုမှ ပိုင်ရှင်ဖြစ်သူ ခရိုနီ ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးခဲ့ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် ခရိုနီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်နှင့် မိသားစုကို အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ကျောင်းတက်ရောက်နေသည့် ၎င်းတို့၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်လည်း အရေးယူခံရမှုစာရင်းတွင် ပါဝင်ခဲ့သည်။ ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခံရသူများထဲတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းရှင် (၅) ဦးအထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်…
Read More