16
Sep
RNA_စက်တင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။ အာဏာသိမ်းစစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် မြန်မာအမျိုးသမီးသရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ဓာတ်ပုံများကို Vogue Thailand ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် စက်တင်ဘာ (၁၅) ရက်၌ဖော်ပြခဲ့ပြီး တစ်ရက်အကြာ ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် ပြန်လည်ဖယ်ရှားလိုက်ကြောင်း သိရသည်။ ဝတ်မှုန်ရွှေရည်၏ အမျိုးသားဖြစ်သူ နိုင်ဖြိုးကျော်(ခ)အဲရစ်ယန်သည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် ပါဝင်ကူညီထောက်ပံ့ပေးနေသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်၏ Seventh Sense Creation ကုမ္ပဏီကိုလည်း ပူးတွဲတည်ထောင်ထားသူတစ်ဦးဖြစ်သည်။ ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များ၌ လိုက်ပါသွားရသည့် စီးပွားရေးလုပ်ငန်းရှင် ခရိုနီများထဲတွင် နိုင်ဖြိုးကျော်လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ခင်သီရိသက်မွန်နှင့်လည်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းများ၌လည်း အတူပူးတွဲလုပ်ကိုင်နေကြောင်း…