Tag: PRA Magway
-

လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော
RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။မကွေးတိုင်းအခြေစိုက် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။[embedyt] https://www.youtube.com/watch?v=r3tCE2q1Rl4[/embedyt]“ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ဦးစီးချုပ် ဟာကြူလီက ပြောကြားခဲ့သည်။ -

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ
RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု – People’s Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။
-

ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်
RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People’s Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။

-

ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်
RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၄)ရှိ ယမ်းချက်စက်ရုံကို People’s Revolution Alliance – PRA Magway က RPG (၁)လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

မင်းဘူးခရိုင် စစ်ဒေသအခြေစိုက် People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ နံနက် (ဖေဖော်ဝါရီ (၉) ရက် ၀၀:၄၀ မိနစ်) စောစောက တိုက်ခိုက်ခဲ့ပြီးအဆောက်အအုံနှင့် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြေပြင်အတည်ချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency
-

မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်
RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။
မကွေးတိုင်းအခြေစိုက် People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်းနေကြောင်း သိရသည်။

People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

-
MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်
RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ – MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။Red News Agency -

ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ
RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။
ရခိုင်ရိုးမအစပ် ရခိုင်ပြည်နှင့်မကွေးတိုင်း ထိစပ်ထားဟည့် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်းက ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် လူထုတော်လှန်ရေး မဟာမိတ် ( People’s Revolution Alliance – PRA- Magway ) အဖွဲ့က မေတ္တာရပ်ခံထားသည်။
စေတုတ္တရာမြို့နယ်အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့က PRA- Magway၊ ကျောင်းသားလက်ရုံးတပ်တော် နှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံး ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။
Red News Agency
-

ရခိုင်ပြည်နှင့်မကွေးတိုင်းထိစပ်နေရာ စေတုတ္တရာ၊ ငဖဲ နယ်ဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်
RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။
မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် စေတုတ္တရာ၊ ငဖဲ နယ်ဘက်တွင် တိုက်ပွဲများပြင်းထန်လာနိုင်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က စေတုတ္တရာနယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်အစပ်၊ ဂန့်ဂေါ၊ ယော၊ ဆော၊ ပခုက္ကူ၊ ပေါက်၊မြိုင်၊ ရေစကြိုနယ်ဘက်တွင် စစ်ကောင်စီတပ်အထိနာနေပြီး၊ ယခုအခါ ရခိုင်ပြည်နှင့် ထိစပ်နေသည့် ငဖဲ၊ ပဒါန်း၊စေတုတ္တရာနယ်ဘက်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရသည်။ (more…)