ရခိုင်ပြည်နှင့်မကွေးတိုင်းထိစပ်‌နေရာ စေတုတ္တရာ၊ ငဖဲ နယ်ဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်

RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် စေတုတ္တရာ၊ ငဖဲ နယ်ဘက်တွင် တိုက်ပွဲများပြင်းထန်လာနိုင်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က စေတုတ္တရာနယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်အစပ်၊ ဂန့်ဂေါ၊ ယော၊ ဆော၊ ပခုက္ကူ၊ ပေါက်၊မြိုင်၊ ရေစကြိုနယ်ဘက်တွင် စစ်ကောင်စီတပ်အထိနာနေပြီး၊ ယခုအခါ ရခိုင်ပြည်နှင့် ထိစပ်နေသည့် ငဖဲ၊ ပဒါန်း၊စေတုတ္တရာနယ်ဘက်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရသည်။

စေတုတ္တရာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ တောင်ဘက် တောတွင်း တနေရာတွင် နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို လူထုတော်လှန်ရေး မဟာမိတ် ( People’s Revolution Alliance – PRA – Magway)တပ်ဖွဲ့တို့ ကြားဖြတ်တိုက်ရာ စစ်ကောင်စီတပ်က အနည်းဆုံး (၆) ယောက်သေဆုံးကာ (၁၀) ကျော် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

Photo: PRA – Magway ရဲဘော်များ

ငဖဲ၊ ပဒါန်း၊ စေတုတ္တရာနယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကတည်းက စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းများ ထွက်ရှိနေကြောင်း၊ နယ်ခံ ရွာသူ ရွာသားများနှင့် NLD ပါတီဝင်တချို့ ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။

Red News Agency

By Editor