RNA_မတ်(၁၅)၊၂၀၂၆ခုနှစ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုက်းက PLA စစ်ဒေသ တနေရာတွင် ကျင်းပခဲ့ကြောင်း အသိပေးထားသည်။
PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ အင်တာနေရှင်နယ်သီချင်း သီဆိုခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ ၁၉၄၈-၁၉၄၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တပ်သည် အင်အားတောင့်တင်းခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမတွင် ခြေမှုန်းခံရကြောင်း၊ ပါတီ နှင့် တပ်သည် ၁၉၆၇-၁၉၆၈ ခုနှစ်တွင် အရှေ့မြောက်ပိုင်း စစ်ဒေသမှာ ပြန်လည်ရပ်တည်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ထပ်မံဖြိုခွင်းခံရပြီး၊ ၂၀၂၁ ခုနှစ် ပြည်သူ့လက်နက်ကိုင် နွေဦးတော်လှန်ရေးနှင့်အတူ PLA ပြန်လည်ရှင်သန်မွေးဖွားခဲ့သည်မှာ ယနေ့ (၅) နှစ်ပြည့်ပြီဖြစ်သည်။
#REDNEWS #RNA #RedNewsAgency












