PLA အနောက်မြောက်စစ်ဒေသ ကြီးကြပ်ရေးကော်မတီဝင် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ ကျဆုံး

RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) အနောက်မြောက်စစ်ဒေသ၊ ကြီးကြပ်ရေးကော်မတီဝင် စစ်သင်တန်းကျောင်းအုပ် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ (ခ) ကိုမိုးသည် ယနေ့ (ဇွန်လ ၆ ရက်) နံနက် ၆ နာရီ (၃၀) မိနစ်ခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးသွားသည်ဟု PLA အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ ကအသိပေးထားသည်။

Photo : Lwan Thu
ရဲဘော်ကျော်သက်သည် အသက်ရှိစဥ်ကာလအတွင်း၌လည်း စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ် တိုက်ဖျက်ရေး၌ ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ပြီး ယခုနောက်ဆုံးချိန်တွင်လည်း အဖိနှိပ်ခံပြည်သူလူထုအကျိုးအတွက် ကိုယ်ကျိုးစွန့်ကာ ရည်မှန်းချက်၊ ဦးတည်ချက် မယိမ်းယိုင်သွားဘဲ မလျော့သောဇွဲ၊ လုံ့လ၊ သတ္တိ၊ တော်လှန်ရေး စိတ်ဓာတ်ကိုင်စွဲကာ ပေးအပ်လာသော တာဝန်အပေါ် အထူးကျေပွန်စွာ စွန့်လွှတ်ပေးဆပ်မှုများကို ဂုဏ်ယူဖွယ်၊ တန်ဖိုးထားဖွယ်အဖြစ် အလေးနီပြု ဦးညွှတ်မှတ်တမ်းတင်အပ်ပါသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
By RNA Editor