19
Jan
RNA_ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ရိုးမဖိုက်တာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YOMA Fighter PDF- Yinmabin) အနေဖြင့် လက်နက်ကြီး လက်နက်ငယ်အပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။ " ကျနော်တို့ အင်အားအများအပြား ရှိနေပြီး ပစ္စည်းအစစ်ကတော့ လိုနေတာပေါ့၊ အခုက တိုက်ပွဲတွေက ပိုပြင်းထန်လာတယ်၊ လိုနေတာက လူအင်အားမဟုတ်တော့ဘူး လက်နက်လိုနေတာပါ။ အဖွဲ့ထဲမှာထုတ်နေတာရှိတယ် လက်လုပ် လက်ပစ်ဗုံး၊ မြေမြုပ်မိုင်း၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး လက်နက်ငယ် မိုင်းနဲ့ (၈) မျိုးလောက်ရှိတယ်။ အခုဆိုရင် နယ်ထဲမှာ စခတွေ အင်အား တော်တော်များများလာချနေပြန်ပြီ…