Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force တပ်ဖွဲ့က အမျိုးသမီး အင်အား ၅၀ ကျော်ပါတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို အခြေခံစစ်ပညာသင်တန်း ‌ဖေဖော်ဝါရီလ ၂ ရက်နေ့က အောင်မြင်စွာ ဆင်းပေးလိုက်နိုင်သည်။

Hero Tiger Force အဖွဲ့သည် စစ်ကိုင်းတိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတွန်းလှန်စစ် ဆင်းနွှဲနေသည်မှာ (၁၀) လအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မြိုင် မြို့နယ်များအထိပါ မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း Hero Tiger Force တပ်ရင်းမှူး ဗိုလ်ကျားကြီးထံက သိရသည်။

Red News Agency

By Editor