တိုက်ပွဲက ပြန်လာသည့် PDF ရဲဘော်များကို ပြည်သူတွေ ကြိုဆို

RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြန်လာသည့် ဆော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူများက အားပါးတရ ကြိုဆို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

PDF-SAW ၊YDF SAW& Kyaukhtu၊ ညောင်ရမ်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ဝန်းကျင်က ဆောမြို့တွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ဆောမြို့မရဲစခန်းအတွင်း ဂါတ်စာရေးရုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ်သားများ အကြောက်လွန်ပြ မြို့တော်ခန်းမထဲမှ ထွက်မလာရဲကြကြောင်း ဆော/ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပူးပေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့အထိ စစ်ကောင်စီဒေါက်တိုင်ဖြစ်နေသည့် မီးသတ်၊ ကျေးလက်ဦးစီး၊ မြေစာရင်း၊ စီမံကိန်း၊စိုက်ပျိုးရေး၊စည်ပင်၊သစ်တော ဌာနမှ စာရွက်စာတမ်းများ ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူပိုင်မြေပေါ် ကျူးကျော်ဆောက်လုပ်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးနှင့် ၂၀၁၀ ကြံ့ဖွတ်အမတ်ဟောင်း ပိုင်ဆိုင်သော G99 စားသောက်ဆိုင်တို့အား ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

Red News Agency

By Editor