MOD

လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း - King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။   ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ…
Read More
ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်လက်အောက်ခံများနှင့်လေယာဉ်သုံးပစ်ခတ်မှုများအပြီီး ရှောင်တိမ်းနေကြရသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူများကို ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ် - People's Defence Force Pwintbyu က စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။   ကိုယ်လယ်ကျေးရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များက နိုဝင်ဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံများ ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူခဲ့သည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ (more…)
Read More
အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင်ကိစ္စ NUG စုံစမ်းစစ်ဆေးနေ

အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင်ကိစ္စ NUG စုံစမ်းစစ်ဆေးနေ

RNA_ဒီဇင်ဘာ ၄၊ ၂၀၂၂ ခုနှစ် ။ လူမှုကွန်ယက်တွင် ပျံ့နှံနေသည့် တမူးမြို့က အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင် ကိစ္စ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) က စုံစမ်းစစ်ဆေးမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။ "ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ် အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပြီးသွားရမယ့် အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါ။သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ လုပ်ထုံ းလုပ်နည်းတွေ မှန်ကန်ဖိုလိုပါတယ်။ ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုပါတယ်" ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး…
Read More
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ ၂၀၂၁ ခုနှစ်၊အောက်တို ဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

RNA_နိုဝင်ဘာ ၁၊ ၂၀၂၂ ခုနှစ် ။   ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေဖြင့်ဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီး ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။   ၂၀၂၂ ခုနှစ် မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း (၃၄) နှစ်ပြည့်သို့ ဒီနေ့(နိုဝင်ဘာလ ၁) NUG ၊ကာကွယ်ရေးဝန်ကြီးက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More

MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်

RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ - MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။   PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

"အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ"    RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။   " လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး" ဟု စသဖြင့် 96 Solders - PDF တာဝန်ခံ ကိုဇေယျာလွင်က Red News…
Read More
စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

RNA_ဇွန် ၁၆၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ၊ အထူးစစ်ဆင်ရေးဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ "ရွာ​တွေကို မီးရှို့၊လုယက်ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျွန်​တော်တို့တပ်ရင်းက ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ စစ်စခန်း​တွေ၊ မြို့သိမ်း တိုက်ပွဲ​တွေနဲ့ အထူးစစ်ဆင်​ရေး​တွေကို အဓိက​ ဖော်​ဆောင်သွားဖို့ ဖြစ်ပါတယ်။" ဟု ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က အသိပေးထားသည်။ Red News Agency
Read More