ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက် ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ်
CDM တပ်သားတစ်ဦး
သူငယ်ချင်း ၂ ယောက် CDM ဝင်ဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပြီ။ CDM ကူညီရေး အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်ခဲ့တယ်။ ချက်ခြင်းပဲ ထွက်လာလို့ရတယ်ဆိုပြီး လက်ခံပြီး ကမ်းကူခပါ အကူညီပေးမယ်လို့ ကြိုဆိုခဲ့ပေမယ် ကိုယ်လက်ထဲ ငွေလေးလည်း ဆောင်ထားချင်လို့ လစာလေးထုတ်ပြီးမှ ထွက်ခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ လစာ မထုတ်ခင် ရှေ့တန်းကို ပါသွားတယ်။
ရှေ့တန်းမှာ ရိက္ခာမလောက် သောက်စရာရေ မရှိနဲ့ ရှေ့တန်း ကာကင်းကုန်းကို အပို့ခံရတယ်။ ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက် ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ်။ အဲဒီနောက်မှာ မေမေ့ရင်ခွင် အဖွဲ့နဲ့ ပြန်ပြီး အဆက်အသွယ်ပြတ်သွားတယ်။ ဒဏ်ရာတွေ သက်သာလာမှ အဆက်အသွယ် ပြန်လုပ်နိုင်ခဲ့တယ်။
နောက်တစ်ကြိမ် CDM ဝင်ဖို့ ထပ်စီစဥ်ကြပြန်တယ်။ ဒါပေမယ် အင်တာနက်လိုင်း မကောင်းတာရယ် ကျနော်က ဖုန်းဆက်ဖို့ အဆင်မပြေတာရယ်ကြောင့် အချိတ်အဆက်တွေက လွဲနေပြန်တယ်။ အခုနောက်ဆုံးအခေါက်မှာတော့ ကျနော်ကို PDF အဖွဲ့တွေက လာကြိုတဲ့အချိန်မှာ ကျန်တဲ့သူတွေက မအိပ်သေးတော့ ကျနော်က ထွက်လို့ အဆင်မပြေသေးဘူးလို့ ပြောလိုက်တယ်။ နောက်နေ့ထပ်ကြိုးစားပြီး ထွက်ခဲ့မယ်လို့ ပြောလိုက်တယ်။ ကျနော်ထင်တာက ကျနော်ကို လာခဲ့ဖို့ ပြောတဲ့ နေရာက သူတို့ နေရာလို့ ထင်ထားတာလေ။
















