စစ်တပ်က ဗိုလ်မှူးအဆင့်အငြိမ်းစား၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သေနတ်ပစ်ခံရပြီး သေဆုံး

RNA_ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။

မွန်ပြည်နယ်၊ ရေးမြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းအဖြစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်တပ်က ဗိုလ်မှူးအဆင့် (ဒုတပ်ရင်းမှူး) အငြိမ်းစား ဦးအောင်နိုင်ဝင်း ယနေ့ နံနက်ပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဦးအောင်နိုင်ဝင်းသည် စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဗိုလ်လောင်းသင်တန်း းကို ၁၉၉၃ ခုနှစ်မှာ တက်ရောက်ခွင့်ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ သင်တန်းပြီးကာ ဒုတိယဗိုလ် အဆင့်မှ ဗိုလ်မှူးအဆင့်၊ ဒုတိယတပ်ရင်းမှူးရာထူးအထိ တာဝန်ကျရာ တပ်အသီးသီးမှာ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ရာမှ အငြိမ်းစားယူခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဦးအောင်နိုင်ဝင်းသည် စစ်တပ်နှငိ့ ပတ်သက်ပြီး တင်ပြနေသည့် သတင်းမီဒီယာတချို့ကို အမြင်မကြည်ကြောင်း၊ နွေဦးတော်လှန်ရေးတွင် ခုခံစစ် ဆင်နွှဲနေသူများကို အမြင်မကြည်ကြောင်း၊ ရေးမြို့ဟစ်တိုင် လုမှုကွန်ယက်တွင် ဒလံဟု ပြောဆိုထားမှုများရှိပြီး ယနေ့ နံနက် ရေးမြို့နယ် ကိုရင်လေးကျောင်း၊ အခမဲ့ဆေးခန်းမှာ ရှိနေတဲ့ ဦးအောင်နိုင်ဝင်းကို ရေးမြို့နယ်၊ ပုပ္ဖဝတီကျေူရွာရှိ ၊ကိုရင်လေးကျောင်း အခမဲ့ဆေးခန်းမှာ သေနတ်ပစ်ခံရကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

” အခမဲ့ဆေးရုံကြီးကြပ်မှုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းသည် ယနေ့ (၉.၂.၂၀၂၂)ရက်နေ့နံနက်ပိုင်းက ဆေးခန်းအနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်” ဟု ကျိုက်ဒေတဗော့ဗရတ်သာသနာပြုနယ်မြေအတွင်း ဖွင့်လှစ်ထားသော အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းက လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့က ဦးအောင်နိုင်ဝင်းသည် စစ်တက္ကသိုလ်တက်ရသည်နှင့် တာဝန်ထမ်းဆောင်ခဲ့ရသည်ကို နောင်တမရကြောင်း၊ အမြဲဂုဏ်စွာ ပွင့်ပွင့်လင်းလင်း ချပြခဲ့ကြောင်း၊ ” သေသေချာချာ ထပ်ပြောပါ့မယ်၊ ကျွန်တော်က မြန်မာတပ်မတော်က ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားရခဲ့တဲ့ အောင်နိုင်ဝင်းပါ” ဟု လူမှုကွန်ယက်တင်ခဲ့ပြီး၊ မေလ ၁၃ ရက်နေ့တွင် နေအိမ်မှာ ဗုံးပစ်ဖောက်ခွဲခံခဲ့ကြကြောင်း သိရသည်။

ပထမအကြိမ် ဗုံးပစ်ခံရမှုတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် ယနေ့ သေနတ်ပစ်ခံရမှုတွင် နေရာတွင် သေဆုံးသွားကြောင်း၊ မည်ဟည့်အဖွဲ့အစည်းက ဘာ့ကြောင့် လုပ်ဆောင်သွားသည်ကို မသိရသေးကြောင်း၊ ရေးမြို့နယ်အတွင်း ဒလန်အဖြစ်သတ်မှတ်ခံထားရသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Red News Agency

By Editor