စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၂ ခုနှစ်။
 
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအနီးတွင် ယနေ့နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က ပြည်သူများကို မတရားဖမ်းဆီးလာသည့်ယာဉ်ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) သုံးဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရကာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
 
“ကားပေါ်မှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ မတရားဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးချင်း ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များအား မတရားဖမ်းစီးချင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချချင်း ကားမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ချင်းများကို အဓိကလုပ်ဆောင်နေသူလည်း ဖြစ်ပါသည်” ဟု သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများ အသေအဆုံးများနေကြောင်း သိရသည်။
Red News Agency
By Editor