Tag: ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

  • အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    “လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံကပြည်တွင်းစစ်အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်”

    ကေဂျီ (KinderGarten)

    ဘယ်အချိန် တိုက်ရမလဲ၊ ဘယ်အချိန်မတိုက်ရဘူးလဲ ဆိုသည်ကို သိသောသူက နိုင်လိမ့်မည်ဟု တရုတ်ပြည်ဂန္ထဝင်မြောက် စစ်ရေးသေနင်္ဂဗျူဟာပညာရှင် ဆွန်ဇူး၏ စစ်ပညာကျမ်းတွင် ဖော်ပြထားသည်။ ထိုအချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကောင်းစွာ အသုံးချပြခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် သန်မာဟန် အယောင်ဆောင်နေသော စစ်တပ်၏ အပေါ်ယံ အရေခွံကို ချွတ်ပြနိုင်ခဲ့ပြီး အနှစ်မရှိတော့သည်ကို ထင်ရှားစေခဲ့သည်။ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးပိုင်း၌ အကြီးမားဆုံးသော ချိန်ခွင်လျှာ အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

    ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်၏ ခေတ်အဆက်ဆက် သမိုင်းတလျှောက်တွင် မကြုံဖူးသော ဒကစ (လောက်ကိုင်) ပထမဆုံးအကြိမ်အဖြစ် ကျရှုံးခဲ့ရသည်။ ကျရှုံးရပုံကလည်း ရိုးရိုးလေးပင်မဟုတ် အင်ပြည့်အားပြည့်ဖြင့် စိတ်ဓာတ်ကျကာ လက်နက်ချ အညံခံလိုက်ကြခြင်း ဖြစ်သည်။ ယင်းအချက်ကပင် စစ်ကောင်စီတပ် နိုင်ငံအနှံ့ အရှုံးများစွာ ကြုံတွေ့ချိနဲ့နေရသည့် လမ်းစဖြစ်လာခဲ့သည်။ ဒလိမ့်ကောက်ကွေး အကျနာကာ အဖတ်ပြန်ဆည် မရနိုင်တော့လောက်အောင် အခြေဖြတ်၍ အရိုက်ခံလိုက်ရခြင်းမျိုးဟုလည်း ဆိုနိုင်သည်။ အကျိုးဆက်အနေဖြင့် လက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်၍ ထိန်းချုပ်ထားသည့် မြို့ပေါင်း ၇၈ မြို့ခန့်နီးပါး ရှိလာခဲ့ပြီး နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့သည်ပင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ဟန်တပြင်ပြင်ဖြစ်နေသည့် အခြေအနေရှိလာသည်။ စစ်ရှုံး၍ အထိနာနေသော အနေအထားတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ဒေသအနှံ့က မြို့ရွာများအပေါ် နေ့မအား၊ ညမနား ဗုံးကြဲနေရုံသာ တတ်နိုင်တော့သည့်အတွက် အရပ်သားပြည်သူများ ထိခိုက်သေဆုံးရသည့် အရေအတွက်နှင့် မြို့ရွာပျက်ဆီး ဆုံးရှုံးမှုများသာ ပိုများလာခဲ့သည်။ 

    (more…)

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖော်ဆောင်ခဲ့တဲ့ ၂၀၀၈ ခြေ/ဥ မွေးဖွားရာ အမျိုးသား ညီလာခံ

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖော်ဆောင်ခဲ့တဲ့ ၂၀၀၈ ခြေ/ဥ မွေးဖွားရာ အမျိုးသား ညီလာခံ

    ရန်ကုန်၊ ဇူလိုင် ၁၅ ရက်၊ ၂၀၂၀ ခုနှစ်။

    ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအပြီး အာဏာသိမ်းအစိုးရ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ မျက်ကွယ်ပြုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ ညောင်နှစ်ပင် ညီလာခံနေရာကို ယနေ့ ( ဇူလိုင်လ ၁၅ ရက်) မြင်ကွင်း တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓာတ်ပုံ- ဝင်းဇော်နိုင် ။

    (more…)

  • တစပြင်လို ချောက်ခြားစရာကောင်းနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ သန္ဓေတည်ရာ

    တစပြင်လို ချောက်ခြားစရာကောင်းနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ သန္ဓေတည်ရာ

    ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စတင် သန္ဓေတည်ရာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ် ညောင်နှစ်ပင် ညီလာခံ ကျင်းပရာ နေရာ နှင့် အဆောက်အအုံများသည် ချုံနွယ်များဖြင့် ပိတ်ဆို့နေပြီး ပျက်စီးယိုယွင်းနေသြည့် တစပြင်လို စိတ်ချောက်ခြားစရာ ကောင်းလှသည့် အနေအထားကို ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရှိခဲ့ရသည်။ ဓာတ်ပုံ – ဝင်းဇော်နိုင်

    စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ၁၉၉၃ ခုနှစ်မှစတင်ကာ စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များဖြင့် တပ်မတော်မှ ဦးဆောင်ကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အမျိုးသားညီလာခံက ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

    (more…)