ပြည်သူ့စွမ်းအားတပ်ပေါင်းစု စခန်း ဝင်စီးဖို့ပြင်သည့် စစ်ကောင်စီတပ် (၉) ဦး မိုင်းထိသေ

RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ပြည်သူ့စွမ်းအားတပ်ပေါင်းစု ‌တောတွင်း ဆေးရုံနှင့် လက်နက်ထုတ်လုပ်ရေးစခန်းဘက်သို့အသွား စစ်ကောင်စီတပ် မိုင်းထိပြီး (၉) ဦးသေဆုံးကာ (၆) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ယနေ့ ပြည်သူ့စွမ်းအားတပ်ပေါင်းစုက ယနေ့ ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှားလှရွာအနီးတွင် ဖေဖော်ဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ပြည်သူ့စွမ်းအားတပ်ပေါင်းစု၊ ပေါက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မကွေးMagway PDF မှ ထုတ်နုတ်တစ်စုအပါအဝင်တို့နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီမှ လက်နက်ကြီး အချက် ၃၀ ခန့် ရွာနှင့် PDF စခန်းများရှိရာအရပ်သို့ဦးတည်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစုမှ တစ်ရက်လျှင် OPD လူနာ ၁၀၀ ခန့်နှင့် အနီးကပ်ကုသလူနာ 17 ဦးခန့် အား အခမဲ့ ကုသပေးလျှက်ရှိသော ဆေးခန်း၊ ဆေးဝါးများ ကုသရေးပစ္စည်းများနှင့် ဆိုင်ကယ် (15) စီးခန့် မီးရှို့ဖျက်စီးခံရကြောင်း သိရသည်။

” စစ်ကောင်စီတပ်များ ပြည်သူ့စွမ်းအားတပ်ပေါင်းစုတပ်စခန်းရှိရာသို့အသွား ဆေးရုံအထွက်တွင် ၂ လုံးတွဲမိုင်း ၄ လုံးထိကာ သေဆုံး ၆ ဦး + လမ်းပြ ၁ ဉီး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦး စိုးရိမ်ရ နှင့် ပြည်သူ့စွမ်းအား တပ်ပေါင်းစု၏ လက်နက်ထုတ်လုပ်ရေး ကပစဘက်သို့အသွားလမ်းတွင် မိုင်း ၂ လုံးမိကာ စခ သေဆုံး ၃ ဦး တို့ရှိပြီး စုစုပေါင်း သေဆုံး ၉ ဦးခန့် နှင့် ပြင်းထန်ဒဏ်ရာ ၆ ဦး တို့မှာ ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမတွင် ခေတ္တအထိုင်ချရာ တပ်ဆေးခန်းတွင် ကုသမှုခံယူလျှက်ရှိကြောင်းသိရသည်” ဟု ပြည်သူ့စွမ်းအားတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်များနှင့်ပူးပေါင်းကာ ပြည်သူ့စွမ်းအားတပ်ပေါင်းစုတပ်စခန်းအား ကာကွယ်နိုင်ခဲ့ကြောင်း၊ စခန်းတွင်ပျက်စီးဆုံးရှုံးမှုများမရှိသော်လည်း တပ်ဖွဲ့သုံးဆိုင်ကယ် ၁၃ စီးခန့် ဆေးခန်းတွင်မီးရှို့ဖျက်စီးခံခဲ့ရကြောင်း၊ သက်ကြီးရွယ်အို စစ်ရှောင်ပြည်သူများ၊ ဆေးကုသမှုခံယူနေသော ဆေးခန်းတက်ရောက်ကုသလူနာ ၁၅ ဦးနှင့် ဒေသလိုအပ်ချက်အရ ကျန်းမာရေးစောက်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးသင်တန်းတက်ရောက်လျှက်ရှိသော သင်တန်းသူ /သင်တန်းသား ၇၀ တို့အား အခက်အခဲကြားမှ စစ်ဘေးလွတ်ရာသို့ ဘေးကင်းစွာ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Red News Agency

By Editor