စစ်အာဏာရှင်ဆန့်ကျင်ရေး

အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)
Read More
PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။     Red News Agency
Read More
စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်ပတ်လည် ပြည့်မြောက်သည့် နောက်တရက် ပြီးခဲ့သည့်နှစ်ကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း သံပုံးတီးခဲ့သလို ယနေ့ည(၈) နာရီမှာလည်း ရန်ကုန်မြို့ မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်ကို တကျော့ပြန် လုပ်ဆောင်ခဲ့ကြသည်။ Red News Agency
Read More
ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံက စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလက်တွေ့ ဆန့်ကျင်ဆန္ဒပြခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကမ်ပိန်း ဖြစ်သည်။ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသည့် သံပုံးတီးကမ်ပိန်းသည် ကမ္ဘာကျော်ခဲ့ပြီး၊ ယခုရုပ်သံသည် ရန်ကုန်မြို့ မြောက်ဥက္လာပမြို့နယ်၊ ရပ်ကွက်တခုအတွင်းက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးမှု မြင်ကွင်း ဖြစ်သည်။ ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်းကစပြီး လက်နက်ကိုင်တော်လှန်ရခရီးကို လျှောက်လှမ်းနေကြသည့် အချိန်ဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းမှုသည်…
Read More
စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွား သော ထိခိုက် ကျဆင်းမှုများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း…
Read More
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းကျေးရွာမှ ပြည်သူ (၇) ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခဲ့ရာတွင် ၂ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကာ ၁ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ချင်းတွင်းမြစ်ကြောင်းတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုမှ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ကင်းကျေးရွာရောက်ရှိပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် ညှပ်ရိုးနှစ်ဖက်အောက် ထိုးသွင်းမွှေဓားဒဏ်ရာ၊ ကြောထိုးသွင်းမွှေဓားဒဏ်ရာဖြင့် ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာသည်ဟု ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ယနေ့ထုတ်ပြန်ထားသည်။ အသက် ၅၈ နှစ်အရွယ်အမျိုးသား…
Read More
စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် စစ်အာဏာ ရှင်လက်အောက် မနေလို၍ စစ်အာဏာရှင်ကို အလိုမရှိ ဆန့်ကျင်ကြောင်း မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က ကိုအောင်အောင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ကိုအောင်အောင်သည် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားလိုဟုဆိုကာ မိမိကိုယ်မိမိ မီးရှို့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ယနေ့ နေ့လည်ပိုင်းက ကျောက်ပန်းတောင်းမြို့ EPC ရုံးအနီးတွင် မိမိကိုယ်သက်သေကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီလုံး အများပြည်သူများ (မူးရင်း များကို + ဟုရေးထား)သာ မီးလင်းပါစေဟု ဆန္ဒပြု စာရွက်ကို ရေးသားခဲ့ကြောင်း…
Read More
ယနေ့ အသံတိတ်သပိတ်ကို အကျဉ်းထောင်အတွင်းမှ နိုင်ကျဉ်းများ ပါဝင်မည်

ယနေ့ အသံတိတ်သပိတ်ကို အကျဉ်းထောင်အတွင်းမှ နိုင်ကျဉ်းများ ပါဝင်မည်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ အကျဉ်း ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ယနေ့ ပြည်သူတရပ်လုံးပါဝင်သည့် Silence Strike (အသံတိတ်သပိတ်) နိုင်ငံရေးလှုပ်ရှားမှုနှင့် ဒီမိုကရေစီရေးအတွက် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားသော အာဇာနည်များအား ၂မိနစ်ခန့် ငြိမ်သက်မတ်တပ် ရပ် အလေးပြုသွားမည်ဖြစ်ပါသည်ဟု ထောင်တွင်းရဲဘော်များ၏ ပေးစာတွင် ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ် အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေးအတွက် အကျဉ်းထောင်တွင်း ရောက်နေသည့် ရဲဘော်များ၏ သဘောထားအပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်သည်။ (more…)
Read More
Hero Tiger Force က အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ်

Hero Tiger Force က အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ်

RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်အာဏာရှင်ကို ခုခံတွန်းလှန် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ယင်းမာပင်မြို့နယ် အခြေစိုက် Hero Tiger Force က ဦးစီးပြုလုပ်သည့် အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲတွင် PDF အလံတော်အား အလေးပြု၍ သွေးသစ္စာသီချင်းဖြင့် ချီတက်အလေးပြုခဲ့ကြပြီး၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ဒေသခံပြည်သူများကလည်း အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ချန်ဂင်တို့စခန်း (၆)

ချန်ဂင်တို့စခန်း (၆)

" ဒီခရီး ဒီလမ်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လာခဲ့ရသလိုပဲ ဒီစခန်းကိုရောက်ဖို့ ကိုယ့်ဘက်က ထားခဲ့ရတာတွေလည်း အများကြီးပါ။ သွားတစ်ချောင်း ဆွဲနှုတ်ပစ်လိုက်ဖို့၊ ကလေးတစ်ယောက် အပြင်ကို ချောချောမောမော မွေးထုတ်ဖို့ နာကျင်မှုတွေ အများကြီး လှစ်လျူရှုရသလိုပါပဲ။ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့လမ်းအတွက် ကိုယ့်ဘက်က နာကျင်မှုတွေကို ဥပေက္ခာပြုခဲ့ရတာ ကိုယ်နဲ့ အနီးစပ်ဆုံး နေဖူးတဲ့သူတွေ နားလည်ကြပါတယ်။ ခေတ္တခဏရယ်လို့ ခွဲခွါခဲ့ရတာတွေဟာ တစ်သက်တာ ထာဝရလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်လို့ ကိုယ် သဘောပေါက်ထားပြီးသားပါ"  ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား) စပြီးရည်ရွယ်တုန်းက အမြောက်ဆံ ဗုံးဆံ သေနတ်ဒဏ်ရာနဲ့ လူတွေကို တတ်နိုင်သမျှ ကုပေးနိုင်ဖို့ရာ ရည်စူးထားပေမယ့် တည်ဆောက်ဆဲကာလ လတ်တလောအခြေအနေမှာ ကိုယ့်ဆီကို အသည်းအသန်ခဲမှန် စာသူငယ်ကလေးတွေ…
Read More