စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်တပ်အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် စစ်အာဏာ ရှင်လက်အောက် မနေလို၍ စစ်အာဏာရှင်ကို အလိုမရှိ ဆန့်ကျင်ကြောင်း မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က ကိုအောင်အောင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ကိုအောင်အောင်သည် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားလိုဟုဆိုကာ မိမိကိုယ်မိမိ မီးရှို့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ယနေ့ နေ့လည်ပိုင်းက ကျောက်ပန်းတောင်းမြို့ EPC ရုံးအနီးတွင် မိမိကိုယ်သက်သေကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီလုံး အများပြည်သူများ (မူးရင်း များကို + ဟုရေးထား)သာ မီးလင်းပါစေဟု ဆန္ဒပြု စာရွက်ကို ရေးသားခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီး တနှစ်အတွင်း ပြည်သူ ၁၅၀၀ ကျော်အသတ်ခံထားရပြီး၊ ထောင်ချီပြီး အကျဉ်းထောင်များတွင် ဖမ်းဆီးထားကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး စီးပွားရေး အားလုံး ကျဆင်းနေပြီး အာဏာသိမ်း စစ်တပ်သည် ပြည်တွင်းစစ်ကြီးကို ဖော်ဆောင်နေပြီး သိန်းချီသည့် စစ်ဘေးဒုက္ခသည်များ ရှိနေသလို မြို့လုံးကျွတ်နီးပါး အပါအဝင် ရွာလုံး ကျွတ်မီးရှို့ခံနေကြရပြီး ပြည်သူများ မီးရှို့အသတ်ခံရမှုများပါ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor